Professional Authors

ညဥ့်နက်တဲ့…..ညည်းချင်း

အ ရမ်း ချစ် တတ် တဲ့ နှ လုံး သား တစ် ခု
သွေး အ လိန်း လိန်း နဲ့
ချောက် ကမ်း ပါး တစ် ခု ဆီ
ပြေး ကပ် ဖူး တယ်… …။

အချစ် ကို စ သိ ချိန် မှာ
နာ ကျင် မှု က ဝါး မြို သွား တယ်… …
အတ္တ ကို သာ ပြာ ချ လို့ ရ ရင်
ငါ့ ကိုယ် ငါ မီး ရှို့ ပစ် လိုက် မယ်… …
အတိတ် ဆို တာ မ တမ်း ကောင်း ပေ မယ့်
တစ်ခါ  တစ်ခါ  ကိုယ့် အရိပ် ကိုယ် ပြန် လန့် တယ်... …။

ကာ ရန် မ ပီ တဲ့
စကားလုံး အ ကြွေ တွေ နဲ့
ငါ.. .. ..လေ ချို မ တိုက် ချင် ဘူး
အ သက် မ ပါ တဲ့
အ ပြုံး တွေ နဲ့ လည်း
အချစ် တစ် ခု ကို မ နမ်း ချင် ဘူး
ဒါပေမယ့်.. .. .. .. ..
ငါ ဘယ်ဘက် ယိမ်း ယိမ်း
မင်းကိုဘဲအရိပ်ဆွေနေတာ ခက်တယ် ။

မင်း  ငါ့ရင်ဝတည့်တည့်
ဓား   အကြိမ်ကြိမ်စိုက်ခဲ့ပေမယ့်…. … ..
ဆွဲမနှုတ်နိုင်ခဲ့သူ
နာကျည်းမှုဘာသာမှာ  စာမလိုက်နိုင်လို့
မင်း..လမ်းကြုံရင်
နည်းနည်းလောက်စာတိုင်ပေးလှည့်ပါ ။
         ×××××××××××

30th August,2011.
2:45 am
     

In: ကဗျာ Posted By: Date: Aug 30, 2011
Comment #1

အားပေးဖော်မရှိလို့ ဝမ်းမနည်းပါဘူး ကျွန်တော့ကဗျာ ဖတ်ပေးတာနဲ့တင် ပျော်နေပါပြီ ကဗျာဖတ်သွားသူအားလုံး ကျေးဇူးပါ ။

commentinfo By: X - ray at Aug 30, 2011
Comment #2

မင်း ငါ့ရင်ဝတည့်တည့်
ဓား အကြိမ်ကြိမ်စိုက်ခဲ့ပေမယ့်…. … ..
ဆွဲမနှုတ်နိုင်ခဲ့သူ
နာကျည်းမှုဘာသာမှာ စာမလိုက်နိုင်လို့
……………………..
နှစ်သက်အားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Aug 31, 2011
Comment #3

အားပေးသွားတဲ့ အသဲကွဲမိုး ကျေးဇူးပါဗျာ တစ်ယောက်ရဲ့အားဆေးက ကျွန်တော့အတွက် ဆယ်ယောက်အားပေးသလိုပါဘဲ ကျေးဇူးအများကြီးတင်တယ် ကဗျာဆရာမလေး အသဲကွဲမိုးရေ ။

commentinfo By: X - ray at Aug 31, 2011
Comment #4

ကာ ရန် မ ပီ တဲ့
စကားလုံး အ ကြွေ တွေ နဲ့
ငါ.. .. ..လေ ချို မ တိုက် ချင် ဘူး
အ သက် မ ပါ တဲ့
အ ပြုံး တွေ နဲ့ လည်း
အချစ် တစ် ခု ကို မ နမ်း ချင် ဘူး
ဒါပေမယ့်.. .. .. .. ..
ငါ ဘယ်ဘက် ယိမ်း ယိမ်း
မင်းကိုဘဲအရိပ်ဆွေနေတာ ခက်တယ် ။
အားပေးသွားတယ်ဗျာ

Comment #5

ကဗျာကောင်းဗျ
တကယ်ကြီးကောင်းတယ်
အားပေးသွားပါတယ်ဗျာ.

commentinfo By: myatthuraaung at Aug 31, 2011
Comment #6

အစမှ အဆုံး ဝေဖန်စရာမရှိ အကုန်ကောင်း၏..
ကြိုက်တယ်ဗျာ

commentinfo By: ဖိုးနမ်း at Sep 1, 2011
Comment #7

ဖတ်ရှုအားပေးသွားတဲ့ ကိုလုလင်ငယ်သွေး ၊ ကိုမြတ်သူရအောင် ၊ ကိုဖိုးနမ်းတို့ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ် ။ ကိုဖိုးနမ်း ပျောက်နေတာကြာပြီနော် အခုမှတွေ့တယ် ။ကျွန်တော့ကဗျာကို အားပေးသူ အားမပေးသူ အားလုံး စိတ်နှလုံးချမ်းမြေ့ပါစေ ။

commentinfo By: X - ray at Sep 6, 2011
Comment #8

ဟုတ်ပါ့ဗျာ..ကျနော်လည်း အလုပ်တွေများနေတာနဲ့ မရောက်ဖြစ်တာ.. =)

commentinfo By: ဖိုးနမ်း at Sep 6, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment