Professional Authors

နင်…ဘာလို့(genius)

နင်…ဘာလို့
ငါ့အချစ်တွေနဲ့မလုံလောက်တာလဲ။

နင်…ဘာလို့
ငါ့တန်ဖိုးထားမှုတွေနဲ့မနေချင်တာလဲ။

နင်…ဘာလို့
ငါ့ယုံကြည်မှုတွေကိုရိုက်ချိုးပစ်တာလဲ။

နင်…ဘာလို့
ငါ့ကိုအလေးအနက်မထားတာလဲ။

နင်…ဘာလို့
ငါ့ကို ဂရုမစိုက်တာလဲ။

ဘာဖြစ်လို့လဲ…
ဘာဖြစ်လို့လဲကွာ…
သြော်..
မသာယာလို့လား?
ဒါမှမဟုတ်…
သွေးအေးသွားလို့လား?
မနေချင်လည်းဆွဲမထားပါဘူး။
မလာချင်လည်းဖိတ်မခေါ်ပါဘူး။
နင်…အဆင်ပြေမယ့်လမ်း
ရွေးထားတယ်မဟုတ်လား…။
ဖြောင့်အောင်တော့လျှောက်နော်..
အခန်းမသင့်လို့
လဲကျရင်….
ငါ..ဆွဲထူမိဦးမယ်။

In: ကဗျာ Posted By: Date: Aug 30, 2011
Comment #1

နင်…အဆင်ပြေမယ့်လမ်း
ရွေးထားတယ်မဟုတ်လား…။
ဖြောင့်အောင်တော့လျှောက်နော်..
အခန်းမသင့်လို့
လဲကျရင်….
ငါ..ဆွဲထူမိဦးမယ်။
မသာယာတာလည်းပါမှာပေါ့မောင်ရယ်…
သွေးမအေးအောင် မောင်စွမ်းဆောင်လေ..
မောင့်နားမှာနေချင်ပါတယ်
လမ်းမှာ လဲကျရင် မောင်မထူနဲ့နော်
အဲ့ဒါ စတာနော်…pp

commentinfo By: ချမ်းငြိမ်းအောင် at Aug 30, 2011
Comment #2

မင်းကဆွဲထူရင်သူကလက်ခံပါ့မလား။ငါတော့မထင်ဘူးနော်။တော်ကြာထူပေးလို့အခန့်မသင့်ရင်ပြန်ပြုတ်ကျသွားရင်ပိုပြီးအထင်လွဲအုံးမယ်။

commentinfo By: yelaylover2010 at Aug 30, 2011
Comment #3

သေလိုက်လေ…………………

commentinfo By: လူပါးဝသူ at Aug 30, 2011
Comment #4

အခန့်မသင့်လို့
လဲကျရင်….
ငါ..ဆွဲထူမိဦးမယ်။ အဲ့လောက်တောင်ကိုယ့်စိတ်ကိုယ် နိုင်ရလားဗျ ( just kidding) ကဗျာလေး ကောင်းပါတယ် အားပေးတယ်။

commentinfo By: X - ray at Aug 30, 2011
Comment #5

ခံစားချက်တွေတအားေ၀၀ါးနေရင်
ခဏရပ်ပြီးကြည့်လိုက်တာပိုမြင်ရမယ်ထင်တယ်…ရဲမင်းရေ….
အားပေးသွားတယ်…..

commentinfo By: terry at Aug 30, 2011
Comment #6

ma nay chin le ma ya bu.
ma lar chin le ma ya bu.
nin a sin pyay pyay ma pyay pyay a nar hmar pe nay pay par.
he,,he,,

commentinfo By: ei lay at Sep 10, 2011
Comment #7

အခန့်မသင့်လို့လဲကျ၇င်ငါဆွဲထူပေးမယ်…….

commentinfo By: phyu at Feb 20, 2012
Comment #8

အင်းကောင်းပါတယ်
ခံစားချက်တွေက
ပြင်းထန်လွန်းပါတယ်
မင်းရဲ့ခံစားချက်
မင်းရဲ့စိတ်ကိုထိန်းချုပ်မှု့
နောက်ပြီး
မင်းရဲ့ဖြူစင်မှု့လို့ဘဲသတ်မှတ်ရမလား

commentinfo By: minpyaephyoe6991 at May 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment