Professional Authors

မိုးရဲ့ ဗီလိန်ကောင်းကင် (နှောင်ကြိုးသစ်)

ကန်တင်းထောင့်က စားပွဲလေးပေါ်
ငါ့မုန့်ဖိုးလေးတွေ အရည်ဖျော်ထားတဲ့
အအေးပုလင်းလေးက
သူမရင်ခွင်အတွက်
အေးမြဆုံးနဲ့ အချိုဆုံးတဲ့…

အတူဖွင့်စားခဲ့တဲ့ ထမင်းဘူးလေးထဲက
ပဲပြုတ်ကြော်နဲ့ ထမင်းဆီဆမ်းဟာ
သူမ..ဘယ်အရာနဲ့မှ မလဲနိုင်ဘူးတဲ့…

ငါရေးတဲ့ကဗျာလေးတွေက
သူမအတွက် ရင်ခုန်သံလေးတွေတဲ့…

အခုတော့..ကန်တင်းထောင့်က
စားပွဲပေါ်က အအေးပုလင်းလေး
မျက်ရည်ဝဲပြီး ငါ့ကိုကြည့်နေရဲ့…
ထမင်းဘူးလေးလဲ ငိုနေခဲ့…

သူမက..ပကာသန ထီးရိပ်အောက်
ဓန ဖိနပ်စီးပြီး ငါ့နှလုံးသားကိုနင်း
တိမ်ပေါ်ကလူနဲ့ ငါ့ကိုလှောင်ပြုံးပြ
ကားနက်ကြီးနဲ့အတူ ငါ့ရှေ့ကထွက်ခွာ…
ကွဲကြေသွားတဲ့ နှလုံးသား အပိုင်းအစတွေ
ငါလိုက်ကောက်တုန်း
ကဗျာလေးက ကတ္တရာလမ်းပေါ်
လျှောက်ပြေးနေရဲ့
ငါငေးကြည့်ရင်း…..
ရင်ခွင်ကြီးက အရည်ပျော်ပြီး
မျက်ရည်စက်တွေ ထွက်ကျလာခဲ့ပေါ့…

(ချစ်သူ… မင်းဘေးကလူ မင်းကိုစွန့်ပစ်သွားရင်
ငါ့ရင်ခွင်ကို ပြန်လာပေါ့…
မင်းဖတ်ဖို့ ဟာသကဗျာလေးတွေရေးထားတယ်…
မင်းကိုငါပေးနိုင်တာ…
ဖြူစင်တဲ့ အနမ်းလေးတစ်ပွင့်ပါ…
မင်းပျော်ရွှင်ရင် ငါကျေနပ်ပါတယ်)

In: ကဗျာ Posted By: Date: Aug 29, 2011
Comment #1

excellent….

nin bay ka lu nin ko sunt twar yin,,,,
he,,he,,,
a khu hti ngar bay hmar be thu hma shi hma ma shi tar…
shi ke p so yin le ngar ko be dot hma htar ma twar aung kyoe sar hmar pe.

commentinfo By: ei lay at Aug 30, 2011
Comment #2

မင်းပျော်ရွှင်ရင် ငါကျေနပ်ပါတယ်
မင်းပျော်ရွှင်ရင် ငါကျေနပ်ပါတယ်
မင်းပျော်ရွှင်ရင် ငါကျေနပ်ပါတယ်
..အားပေးသွားပါတယ်ခင်ဗျာ..

commentinfo By: အသဲကွဲမိုး at Aug 30, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment