Professional Authors

ဘာများ..ပိုကောင်းသွားလို့လဲ

အေးဆေးစွာနေ နေတဲ့
ငါ့ဘ၀ထဲ
ဟန်ဆောင်ပြီး
ငြိမ်းချမ်းမှုပေးခဲ့တဲ့ နင့်ကို
ရင်ထဲက တဆစ်ဆစ်နာတယ်။

ပေကျံပေမယ့် အစွန်းထင်မရှိတဲ့
ငါ့ဘ၀ထဲ
ဟန်ဆောင်ပြီး
လျှော်ဖွပ်သန့်စင်ပေးခဲ့တဲ့ နင့်ကို
ရင်ထဲက တဆစ်ဆစ်နာတယ်။

ချိုမြိန်စွာသောက်သုံးနေတဲ့
ငါ့အချစ်ကော်ဖီခွက်ထဲ
ဟန်ဆောင်ပြီး
သကြားတုတွေထည့်ပေးခဲ့တဲ့ နင့်ကို
ရင်ထဲက တဆစ်ဆစ်နာတယ်။

ဘာထူးသွားလို့လဲ ကိုလူရေ…
ရင်ထဲမှာတဆစ်ဆစ်နာသွားတာပဲ အဖတ်တင်တယ်။

In: ကဗျာ Posted By: Date: Aug 29, 2011
Comment #1

ချိုမြိန်စွာသောက်သုံးနေတဲ့
ငါ့အချစ်ကော်ဖီခွက်ထဲ
ဟန်ဆောင်ပြီး
သကြားတုတွေထည့်ပေးခဲ့တဲ့ နင့်ကို
ရင်ထဲက တဆစ်ဆစ်နာတယ်။အားပေးသွားတယ် …သက်ငယ်

commentinfo By: ဘု၇င်မ မာယာ at Aug 29, 2011
Comment #2

အေးဆေးစွာနေ နေတဲ့
ငါ့ဘ၀ထဲ
ဟန်ဆောင်ပြီး
ငြိမ်းချမ်းမှုပေးခဲ့တဲ့ နင့်ကို
ရင်ထဲက တဆစ်ဆစ်နာတယ်။
မှန်တယ်နော်။ကောင်းတယ်ဗျာ။အားပေးသွားပါတယ်။

commentinfo By: yelaylover2010 at Aug 29, 2011
Comment #3

ကျေးဇူးတင်ပါတယ်။

commentinfo By: thetnge at Aug 29, 2011
Comment #4

really nice poem.

htoo twar par de lay,fri ye.
kha na tar so pay me le,,,,
nin pyaw ke ya p.
nin kyi nu kwint ya p.
nin ko tine kyay kyay nat nat g ko lat khan ke p p.
thu ko kyay zu tin like par.
thu kyaunt nin ba wa hmar tin khan sar a tit tway ko a kha me ane tine yar yout lar tin pay ke loh.
yin hte hmar ta sit sit nar tine thu ko ta ta ta ne myit tar poh pay like par kwe.

commentinfo By: ei lay at Aug 30, 2011
Comment #5

ဘာထူးသွားလို့လဲ ကိုလူရေ…
ရင်ထဲမှာတဆစ်ဆစ်နာသွားတာပဲ အဖတ်တင်တယ်။

commentinfo By: အသဲကွဲမိုး at Aug 30, 2011
Comment #6

တော်တော်ဆိုးတဲ့ လူနော်…ကိုယ့်လူက pp
သက်ငယ်အားပေးသွားပါတယ်

commentinfo By: ချမ်းငြိမ်းအောင် at Sep 20, 2011
Comment #7

သကြားတုတွေ့ ထည့်ပေးတာက ဆီးချိုဖြစ်မှာဆိုးလို့  နေမှာပါ…. စတာနော်…
ဒီကဗျာတွေကကြာပေမယ့် ငါ့အတွက်တော့ခံစားလို့ ကောင်းသေးတယ်…

commentinfo By: လမင်း at May 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment