Professional Authors

သတိရခြင်း မှတ်စုတို

သံစဉ်တွေတိုင်းမှာ သူမ ပါဝင်ခဲ့သလို
စကားလုံးတွေတိုင်းမှာ သူမ ငြိတွယ်ခဲ့တယ်။

ခေါင်းစဉ်မဲ့ ချစ်ခြင်းတစ်ခုအတွက်
သူမရှေ့မှောက် ကျွန်တော် ဒူးထောက်ခဲ့တယ်။

တတ်သလောက် မှတ်သလောက်ပေါ့
သူမအတွက် ကျွန်တော် ဖြစ်စေခဲ့တယ်။

သတ်မှတ်ချက်ချမရတဲ့ တန်ဖိုးထားမှု
သူမအတွက် ကျွန်တော် ထားရှိခဲ့တယ်။

ဘယ်သူမှ မခေါ်တဲ့ နာမ်စား ဖိုးဝရုပ်လို့
သူမအား ကျွန်တော် ချစ်စနိုးနဲ့ ခေါ်ဖူးခဲ့တယ်။

ဖြစ်စဉ်အဟောင်း တွေကိုပဲ အသက်သွင်း
သူမအတွက် အိပ်ပျက်ခြင်းတွေကို
ညခင်းတွေမှာ မှတ်တမ်းတင်ခဲ့တယ်။

ချစ်တယ်ဆိုတာကို အတိအကျ မပြောပြပေမယ့်
မုန်းတယ်ဆိုတဲ့စကားတော့
သူမ နှုတ်ဖျားက ကျွန်တော် ကြားဖူးခဲ့တယ်။

ရူးတယ်ပဲ ပြောပြောပါဗျာ…..
ကျွန်တော့် ဘယ်ဘက်ရင်ဘတ်က တောင့်တ
သူမဆိုတာ ကျွန်တော့်အတွက် အသက်ဓါတ်ပါ။

In: ကဗျာ Posted By: Date: Aug 27, 2011
Comment #1

ကောင်းပါတယ်….
အားပေးသွားပါတယ်
စိတ်မဆိုးနဲ့နော်
ကဗျာဆိုတာ
တိုတိုနဲ့ထိထိ က
ပိုကောင်းပါတယ်
စေသနာနဲ့ပြောတာပါ

commentinfo By: virus at Aug 27, 2011
Comment #2

har,,,,,
bar g tone?
lu ko myar phoe wa yoke de.
hint naw,

commentinfo By: ei lay at Aug 31, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment