Professional Authors

တိမ်တွေ “ပြို” တဲ့အရပ်

 

ဖိုသီဖတ်သီနဲ့ ဝင်သက် ထွက်သက်တွေ ၊ ရွဲ့တဲ့တဲ့ဖြစ်နေတဲ့ စိတ်ဓာတ်တွေနဲ့

ကမ္ဘာ့အပြင်ဘက်ကိုပတ်တာ “နေ” နဲ့ “လ” တောင် ကွယ်သွားပြီ

ကျေးဇူးပြုပြီး “ငါ့”ကို အကောင်းးးးးမမြင်….ပေးးးးးးးးကြ ပါ နဲ့

ငါဟာလူဆိုးတစ်ယောက်မို့ပါ။

လမ်းဖြောင့်ဖြောင့်လျှောက်နိုင်ဖို့ ခံစားချက်တွေကို ခင်းပေးရတာ

ကြာတော့အိပ်မက်ဆန်လာတဲ့ ကိုယ့်လိုအင်တွေက ဝေဝေဝါးဝါးးနဲ့

ကော်ဖီခါးခါးတစ်ခွက်သောက်ရသလို စိတ္တဇဆန်လာတဲ့ ခံစားချက် အ ပဲ့ အ ရွဲ့ တွေ ပါ

ကျေးဇူးပြုပြီး “ငါ့” ကို ဥပေက္ခာပြု ထားးးးးးးပေး ပါ

ငါဟာရင်ဘတ်ကန်းးးးနေသူတစ်ယောက်မို့ပါ….။

ရှိစုမဲ့စု “မာန” တွေကို ခဝါ ချထားပါတယ်ဆိုမှ

ခဏ ခဏ လာတက်နင်းနေတော့လဲ ဒီအရပ်က မိုးးးခေါင်တာ

ကျေးဇူးပြုပြီး “ငါ့” ကို အထူးးးးအဆန်းးးးဖြစ် မ နေ ပါ နဲ့

ငါဟာအသိတွေ လောင်တိုက်သွင်းထားသူတစ်ယောက်မို့ပါ။

ညစ်တစ်တစ်ဖြစ်နေတဲ့ ဦးနှောက်နဲ့ ထုံပေပေဖြစ်နေတဲ့

ဒီခံစားချက်တွေကို လက်တလုံးခြားဆန်လာတဲ့ ဖြူစင်မှု့တွေနဲ့ရောပြီး

အရောင်စပ်ကြည့်တာ ဟော..ဟိုမှာ…မဟူရာရောင် သတို့သမီးလေးပေါ်လာတယ်

ကျေးဇူးပြုပြီး “သူ့” ကို မ ကြည့် ပါ နဲ့

……………………………………………….။

 

04:15 PM

နတ်သမီး

In: ကဗျာ Posted By: Date: Aug 25, 2011
Comment #1

ငါဟာရင်ဘတ်ကန်းးးးနေသူတစ်ယောက်မို့ပါ….။

ရှိစုမဲ့စု “မာန” တွေကို ခဝါ ချထားပါတယ်ဆိုမှ

ခဏ ခဏ လာတက်နင်းနေတော့လဲ ဒီအရပ်က မိုးးးခေါင်တာ

ကျေးဇူးပြုပြီး “ငါ့” ကို အထူးးးးအဆန်းးးးဖြစ် မ နေ ပါ နဲ့

commentinfo By: May Kha at Aug 25, 2011
Comment #2

ကျေးဇူးပြုပြီး “ငါ့” ကို ဥပေက္ခာပြု ထားးးးးးးပေး ပါ

ငါဟာရင်ဘတ်ကန်းးးးနေသူတစ်ယောက်မို့ပါ….။
စာသားလေးgoodတယ်ဗျအားပေးသွားပါတယ်။

commentinfo By: poem.poem28 at Aug 26, 2011
Comment #3

ကြာတော့ အိမ်မက် တစ်ခု ဖြစ်ရင်…

commentinfo By: SoFarAwayFromU at Nov 9, 2012
Comment #4

စာသားလေးတွေနှစ်သက်မိပါတယ်

commentinfo By: မေပျို at Nov 9, 2012
Comment #5

ညစ်တစ်တစ်ဖြစ်နေတဲ့ ဦးနှောက်နဲ့ ထုံပေပေဖြစ်နေတဲ့

ဒီခံစားချက်တွေကို လက်တလုံးခြားဆန်လာတဲ့ ဖြူစင်မှု့တွေနဲ့ရောပြီး

commentinfo By: mayviolet at Nov 9, 2012
Comment #6

အမ…တကယ်ကောင်းတယ်ဗျ..။ပေးထားတဲ့ခေါင်းစဉ်ကလည်း..လုံးဝ အမိုက်ပဲ..

commentinfo By: poem.poem28 at Nov 10, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment