Professional Authors

မှန်ကြည့်ပြီး လိမ်ကြည့်စမ်းပါ…..

ငါမင်းကိုမလွမ်းပါဘူး..
အလကားစိတ်ရှုပ်ခံလို့
ငါ့အချိန်တွေလာမခိုးနဲ့
ငါမင်းကိုဘယ်တော့မှမလွမ်းဘူး…..
ငါသ၀န်မတိုတတ်ဘူး….
လူတစ်ယောက်ရဲ့လွတ်လပ်ခွင့်ကိုမချုပ်ချယ်ဘူး
ကြိုက်တဲ့ယောက်ျားလေးနဲ့စကားပြော
ငါ့စိတ်ထဲဘယ်လိုမှမနေဘူး………
ငါက၀မ်းနည်းတတ်တဲ့သူမဟုတ်ဘူး
တစ်ယောက်တည်းကြိတ်ငိုတဲ့ထဲမှာ
ငါမပါဘူး………….
မိန်းမတစ်ယောက်ကို ရူးလောက်အောင်ချစ်ပြမယ့်
ခပ်ညံ့ညံ့ယောက်ျားတစ်ယောက်မဟုတ်ဘူး…..
ငါ့မာနတွေ မင်းအတွက်မစတေးဘူး………..
ငါ့သိက္ခာတွေ မင်းနင်းခြေဖို့ ချမပေးဘူး…..
မင်း…ဆိုတာ
အချိန်တိုင်းငါ့ရင်ထဲမှာရှိနေတဲ့
နတ်သမီးတစ်ပါးတော့မဟုတ်ဘူး……
ကုန်ကုန်ပြောမယ်ကွာ…

ငါ့ဘ၀တစ်ခုလုံးပေးဆပ်ရလောက်တဲ့ထိ

ငါမင်းကိုမချစ်ဘူး…….

မင်းပြန်မချစ်လဲ ငါဘယ်လိုမှမခံစားရဘူး

မင်းမချစ်လို့….

ငါ့ဘ၀ကြီးပြောင်းလဲမသွားဘူးဆိုတာ

မင်းမြဲမြဲမှတ်ထား…….။                ။

ကဲ…..ဘယ်လိုလဲ

ငါဟန်ဆောင်ကောင်းတယ်မလား……..။..            ။

(တခါတလေမှာ မှန်ကြည့်ပြီး ကိုယ့်ကိုယ်ကို လိမ်ရတာလဲ အရသာအရှိသားဗျာ…………….)

In: ကဗျာ Posted By: Date: Aug 25, 2011
Comment #1

ကောင်းတယ်ဗျာ။လိမ်စရာမရှိကိုယ့်ကိုလိမ်တယ်။လေးစားတယ်။

commentinfo By: yelaylover2010 at Aug 25, 2011
Comment #2

ဟုတ်ပါ့.. ဒါပေမဲ့ တစ်ခြားသူသာလိမ်လို့ရမယ်..ကိုယ့်ကိုကိုယ်တော့လိမ်လို့မရဘူးးနော်

commentinfo By: ကဗျာသရဲ at Aug 25, 2011
Comment #3

တခါတလေ အရမ်းမွန်းကြပ်လာရင်
ကိုယ့်ကိုယ်ကို ခဏလိမ်လိုက်တဲ့သဘောပါ….
လိမ်နေတုန်းခဏမှာ
သူ့ကြောင့်ရတဲ့ ကောင်းကျိုးဆိုးပြစ်တွေအကုန်လုံး
ခဏမေ့သွားမလားလို့လေ….

commentinfo By: လွမ်းနောင် at Aug 25, 2011
Comment #4

ကောင်းလိုက်တဲ့အကြံ …

commentinfo By: ကဗျာသရဲ at Aug 25, 2011
Comment #5

အဲဒါ ပိုထိ တယ် အလိုလို ကို မျက်ရည်က ကျလာရော…လိမ်ရင်းနဲ့ ကို့ကို ကို ပြန်အားနာလာရော

Comment #6

နောက်ဆုံး နားက စာကြောင်းတွေ ဖတ်မှပဲ သဘောပေါက်သွားတော.တယ်
ကောင်းတယ်ခင်ဗျ

commentinfo By: SimpleSimplest at Aug 25, 2011
Comment #7

အားပေးသွားတယ်

commentinfo By: Village chat kyi at Aug 25, 2011
Comment #8

ကောင်းတယ်ကိုလွမ်းနောင်အားပေးနေပါတယ်။

commentinfo By: myatthuraaung at Aug 25, 2011
Comment #9

ရေးသားပုံလေး..ကြိုက်၏ 🙂

commentinfo By: terry at Aug 26, 2011
Comment #10

really nice.
really really nice.

i agree with than yaw zin & ka byar.
koh kou ko ta nar yin ma lane ne dot,ko lwan naung yae.
he,,he,,

ei lay ka dot ma lane bu.
wit le hmar kyauk loh.
sate soe twar hmar soe loh.
mone twar hmar soe loh.
nout ta khar htar ke khan ya hmar soe loh.
(ei lay ka lane pyaw loh,,,tit sar ma shi loh,,a yan soe loh htar ke tar hote bu naw..
a htin ma lwe kya par ne ong…..
thu ko ga u ma sike be a loak tway ne busy nay mi loh,friends tway ko pe u sar pay mi loh…
he,,he,,sate soe p nout ta yout twe pyit like tar lay…..
arr par par,,,ta khar de sate sin ye p 15lbs kya twar de.say phoe le daw daw kone twar de,,he,,he,,
hote dot le hote par de.ei lay ka a yan a naing kyint de…
we r rarelly rarelly rarelly meet outside…only can contact with ph lay…

thu ka ei lay ko ta nar p a khu dot lane mar nay par p.
ei lay ka le thu ko a yan ga u sike par p.
thu ma kyike de friends tway ko le phyat like par p.)

commentinfo By: ei lay at Aug 26, 2011
Comment #11

အားပေးသွားပါတယ်။

commentinfo By: yelaylover2010 at Sep 13, 2011
Comment #12

တခါတလေ အရမ်းမွန်းကြပ်လာရင်
ကိုယ့်ကိုယ်ကို ခဏလိမ်လိုက်တဲ့သဘောပါ….
လိမ်နေတုန်းခဏမှာ
သူ့ကြောင့်ရတဲ့ ကောင်းကျိုးဆိုးပြစ်တွေအကုန်လုံး
ခဏမေ့သွားတယ်ဆိုတာလေးက အမှန်ပဲနော်
ငယ် လဲအဲလိုဖြစ် ခံစားဖူးတယ်

commentinfo By: k nge lay at Sep 23, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment