Professional Authors

သွေးတစ်စက်ရဲ့ ကျိန်စာ (နှောင်ကြိုးသစ်)

လမင်းရဲ့ ပျိုမြစ်မှုကို
တိမ်မဟူရာတို့က စားသုံး
ကြယ်စင်တွေ ဘယ်ဆီကို
ပြေးပုန်းကြလဲမသိ
ကောင်းကင်ကို တိမ်တိုက်တို့
သိမ်းပိုက်လိုက်တဲ့
‘ည’

ငါ့အသွေးအသားတွေ
ဆာလောင်စွာ တောင်းတ
မိစ္ဆာတို့ရဲ့ ဝိညာဉ်တွေ
ငါ့ကိုဝင်ရောက်ပူးကပ်
ငါတပ်မက်စွာတောင်းတနေရတဲ့
‘သွေး’

ငါ့သွားတွေ အချွန်ထွက်ပေါ်
ငါ့မျက်လုံးတွေ အရောင်ပြောင်း
ငါ့အသိတွေဝေဝါးသွားတဲ
‘အချိန်’

တိမ်ပြုစားတဲ့ ညနက်ထဲသို့
ငါထွက်ခွာ
လူတွေရှင်းနေတဲ့ လမ်းမက
ငါ့အတွက် အကောင်းဆုံး
‘ပွဲတော်’

ငါ့ရင်ခွင်ရဲ့တောင်းတမှုကို
ဖြေဖျေက်ပေးမဲ့ လူသားတစ်ယော်
ငါ့မြင်ကွင်းအောက် ငါတွေ့ရှိ
ငါထပ်မြင်ရတာ သူ့ရဲ့
‘အပြုံး’

သွေးစက်တွေက ငါ့ဝေဒနာကိုဖြေဖျောက်
ငါ့အသိတွေကို ပြန်ရှင်သန်စေချိန်
ငါ့အမြင်ထဲ့ တိုးဝင်လာတာ
‘ငါ့ချစ်သူ’

အသက်မဲ့ ခန္ဓာတစ်ခု
ငါ့ရင်ခွင်ထဲ အိပ်စက်နေ
ငါ့မျက်ရည်တွေက
သူမပါးပြင်ပေါ်နမ်းရှိက်လို့
‘ငါ့ရင်ထဲမှာတော……့’

In: ကဗျာ Posted By: Date: Aug 24, 2011
Comment #1

tate p nar ma le bu,,
he,,he,,

commentinfo By: ei lay at Jan 10, 2012
Comment #2

Khan sarr loh ya twar p
So nice

commentinfo By: ei lay at Sep 30, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment