Professional Authors

ှုI love her so much

မျက်လုံးရှေ့ဝယ်
ဝဲကျနေသော
ဆံချည်မျှင်တို့….။
အသည်းထဲ ၀ယ်
ကွဲကျနေသော
ပုံ၇ိပ်တချို့…။
ဦးနှောက်ထဲဝယ်
ထင်စွဲနေသော
နေ့ရက်တချို့….။
မျက်လုံး မှာ မျက်ရည်
သို့ပေမယ်
မျက်ရည်က အရောင်တွေနဲ့
အနက်တွေကြီးပဲ…….။
ဝေး ဝေး က
ဖိနပ်တစ်ရံ
All Star ဖြစ်ဟန်ရှိသည်….။
ဖိနပ်တွေ က တော့
တိုးတိုးလေး ညည်းတယ်
သူမကို ပြန်ခေါ်ပေးတဲ့
ကျောင်းက
နေရာတော်တော် များများပေါ့
ကန်တင်း တွေ
သရေတာ တွေ
နဲ့ ကံကော် ပင် တွေမှာ
ကျွန်တော့်မျက်ရည် အနံတွေ
စွဲထင်နေလေရဲ့
အတန်းက ထိုင်ခုံတစ်ချို့မှာ
မင်းနဲ့ ကိုယ့်ရဲ့
မှတ်တမ်းသက်သေ
စာတမ်းအချို့
ကော်ရရှင် ပန် အနေနဲ့
ကျန်နေလေရဲ့
ဆရာကတော့မေးတယ်
မင်းကောင်မလေး
ဘယ်မလဲတဲ့
emo လေးရေ
ငါဆရာကို ဘယ်လိုပြန်ပြောရမလဲ
မိုးရွာပါစေ………….။

In: ကဗျာ Posted By: Date: Aug 23, 2011
Comment #1

me too,,
😛

commentinfo By: ei lay at Aug 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment