Professional Authors

ငရဲကိုတောင်းတဲ့ လမင်း (နှောင်ကြိုးသစ်)

ညနေမရှိတဲ့ နေ့တစ်နေ့မှာ
နိုးထခွင့်ပေးပါ…

မေတ္တာရှင်နတ်သမီးရဲ့
အမုန်းတွေကို
ငါ့အသည်းနှလုံးမှာ
စုတ်ထိုးခွင့်ပေးပါ…

မရဏတောင်ကြားက
ဝံပုလွေအုပ်ထဲ
ငါ့အချစ်တွေကို
ပစ်ချခွင့်ပေးပါ…

ငါခလုတ်တိုက်မိတဲ့
မျက်ဝန်းလေးကို
ဖယ်ရှားခွင့်ပေးပါ…

တစ်မိုးအောက်ချစ်သူကို
ငါ့လက်နဲ့
သတ်ခွင့်ပေးပါ…

နေဆယ်စင်းကို
ငါ့ရင်ထဲကို
ကြွေကျခွင့်ပေးပါ…

အလွမ်းတွေဖျော်ထားတဲ့
ဝိုင်ချိုကို
မော့သောက်ခွင့်ပေးပါ…

ငါ့မျက်ရည်တွေကို
မြစ်တစ်စင်းဖြစ်ခွင့်ပေးပါ…

ကမ္ဘာမြေကြီးထံမှ ငါ့ကို
အလုပ်ထွက်ခွင့်ပေးပါတော့…

In: ကဗျာ Posted By: Date: Aug 22, 2011
Comment #1

နေဆယ်စင်းကို
ငါ့ရင်ထဲကို
ကြွေကျခွင့်ပေးပါ…

အလွမ်းတွေဖျော်ထားတဲ့
ဝိုင်ချိုကို
မော့သောက်ခွင့်ပေးပါ…

commentinfo By: နတ်သမီး at Aug 23, 2011
Comment #2

ဖိတ်ခေါ်မှု့ကြောင့်…လာရောက်အားပေး.
လည်ပတ်သွားပါတယ်….။ 🙂

commentinfo By: terry at Aug 25, 2011
Comment #3

kwi,,kwi,,lol
ko terry ka le,,,

commentinfo By: ei lay at Jan 10, 2012
Comment #4

အားပေးသွားတယ်ဗျ

commentinfo By: အသဲကွဲမိုး at Jan 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment