Professional Authors

အဲဒါ မင်းကိုသိပ်ချစ်လို့…..

ငါမြိုသိပ်ခဲ့တာတွေဟာ
မင်းကိုသိပ်ချစ်လို့…….
မထိရက် မတို့ရက်..
အရိပ်တကြည့်ကြည့်နဲ့
မင်းကွယ်ရာ ဖြည့်စွက်ခဲ့တာ
မင်းကိုသိပ်ချစ်လို့………..
ရှုံးနိမ့်မှုတွေ နာကြဉ်းမှုတွေကို
တွန်းလှန်ပြီး….
စိတ်ဓါတ်ခိုင်မာသူတစ်ယောက်ဖြစ်စေချင်ခဲ့တာ
မင်းကိုသိပ်ချစ်လို့…….
ပြောခွင့်မရတဲ့စကားလုံးတွေကြား
ရင်နာနာနဲ့ ဘေးထွက်နေခဲ့တာ
မင်းကိုသိပ်ချစ်လို့………
မင်းအချိန်တွေကိုနှမြောလို့
တွေ့ချင်စိတ်ကိုမြိုသိပ်
အသာကြိတ်မှိတ်တမ်းတနေခဲ့ရတာ
မင်းကိုသိပ်ချစ်လို့……
မင်းသတင်းတွေနားစွင့်ရင်း
စိုးတထိတ်ထိတ်နဲ့ကြိတ်မှိတ်ချစ်ခဲ့ရတာ
မင်းကိုသိပ်ချစ်လို့….
တွေ့ချင်စိတ်ကိုအသာထိန်းပြီး
ဝေးဝေးကလွမ်းခဲ့ရတဲ့နေ့ရက်တွေ
မြင်ချင်ပေမယ့် မမြင်အောင်နေခဲ့တာတွေက
မင်းကိုသိပ်ချစ်လို့…….
အရာရာဟာမင်းကိုသိပ်ချစ်လို့
ယုံကြည်နေပေးပါ..
မင်းကိုအောင်မြင်စေချင်ခဲ့တာ
မင်းကိုပြတ်သားစေချင်ခဲ့တာ
မင်းကိုပျော်ရွှင်စေချင်ခဲ့တာ
အားလုံးဟာ…
မင်းကိုသိပ်ချစ်လို့….
နောက်ဆုံး…
မင်းကိုချစ်တယ်လို့ဖွင့်မပြောရက်ခဲ့တာလဲ
မင်းကိုသိပ်ချစ်လို့ပါချစ်သူရယ်…………..။           ။

In: ကဗျာ Posted By: Date: Aug 21, 2011
Comment #1

အားလုံးဟာ…
မင်းကိုသိပ်ချစ်လို့….
နောက်ဆုံး…
မင်းကိုချစ်တယ်လို့ဖွင့်မပြောရက်ခဲ့တာလဲ
မင်းကိုသိပ်ချစ်လို့ပါချစ်သူရယ်…………..။

နောက်ဆုံးအကြောင်းလေး..အကြိုက်ဆုံးပဲဗျာ..မပြောလည်းသူတနေ့နေ့တော့သိလာမှာပါ…..

commentinfo By: terry at Aug 21, 2011
Comment #2

min ko tate chit loh,,,,,,,,,,,,,,

min ko tate chit loh,,,,,,,,,,,,,

min ko tate chit loh,,,,,,,,,,,,,

min ko tate chit loh,,,,,,,,,,,,,

min ko tate chit loh,,,,,,,,,,,,,

min ko tate chit loh,,,,,,,,,,,,,,

min,,,,,,,
ko,,,,,,,
tate,,,,,
chit,,,,,,
loh,,,,,,

dar ne pe,,,,d hmar tay lu myaw par phit nay p.
dar ne pe,,,,d hmar le a u phyit nay p.

commentinfo By: ei lay at Aug 21, 2011
Comment #3

မင်းအချိန်တွေကိုနှမြောလို့
တွေ့ချင်စိတ်ကိုမြိုသိပ်
အသာကြိတ်မှိတ်တမ်းတနေခဲ့ရတာ
မင်းကိုသိပ်ချစ်လို့…… ပြောမထွက်တဲ့စကားလုံးတွေကို တစ်လုံးချင်းစီသီနေသလို ခံစားရတယ် ခံစားချက်တွေ တိုက်ဆိုင်သွားတယ်ဗျာ ကဗျာမှာ အနစ်နာခံမှုတွေ တော်တော်လေး စီးဆင်းနေတယ်နော် ဖတ်ရှုအားပေးသွားပါတယ် ။

commentinfo By: X - ray at Aug 22, 2011
Comment #4

အားလုံးဟာ…
မင်းကိုသိပ်ချစ်လို့….
နောက်ဆုံး…
မင်းကိုချစ်တယ်လို့ဖွင့်မပြောရက်ခဲ့တာလဲ
မင်းကိုသိပ်ချစ်လို့ပါချစ်သူရယ်…………..။ ။
ကောင်းတယ်ဗျာ

Comment #5

နှစ်သက်လို့အားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Aug 22, 2011
Comment #6

တွေ့ချင်စိတ်ကိုအသာထိန်းပြီး
ဝေးဝေးကလွမ်းခဲ့ရတဲ့နေ့ရက်တွေ
မြင်ချင်ပေမယ့် မမြင်အောင်နေခဲ့တာတွေက
မင်းကိုသိပ်ချစ်လို့…….
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Aug 22, 2011
Comment #7

မင်းသတင်းတွေနားစွင့်ရင်း
စိုးတထိတ်ထိတ်နဲ့ကြိတ်မှိတ်ချစ်ခဲ့ရတာ
မင်းကိုသိပ်ချစ်လို့….
တွေ့ချင်စိတ်ကိုအသာထိန်းပြီး
ဝေးဝေးကလွမ်းခဲ့ရတဲ့နေ့ရက်တွေ
မြင်ချင်ပေမယ့် မမြင်အောင်နေခဲ့တာတွေက
မင်းကိုသိပ်ချစ်လို့…….

Comment #8

အားလုံးဟာ…
မင်းကိုသိပ်ချစ်လို့….
နောက်ဆုံး…
မင်းကိုချစ်တယ်လို့ဖွင့်မပြောရက်ခဲ့တာလဲ
မင်းကိုသိပ်ချစ်လို့ပါချစ်သူရယ်…………..။ ။

commentinfo By: jenny at Aug 22, 2011
Comment #9

lone wa hote bu…
a chit hmar reason ma shi bu,

commentinfo By: ei lay at Dec 18, 2011
Comment #10

ပြောခွင့်မရတဲ့ မရတဲ့ စကားလုံးတွေကြား…
ရင်နာနာနဲ့ဘေးထွက်နေခဲ့တာ..
မင်း ကိုသိပ်ချစ်လို့………

commentinfo By: Da at Feb 29, 2012
Comment #11

read again par

commentinfo By: ei lay at May 4, 2012
Comment #12

ကဗျာလေးကြိုက်လို့copy ကူးသွားမယ်နော်

commentinfo By:ွှ်Thura at May 9, 2012
Comment #13

!____!
!____!
!___”””!

commentinfo By: ei lay at Oct 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment