Professional Authors

သူခိုးတစ်ကောင် ၏ရင် ခုန်သံ

မိုးတွေကရွာ
လေတွေကတိုက်
ခပ်မိုက်မိုက်ပဲ
ကျွန်တော် အထုပ်ပိုက်လို့
ထွက်လာခဲ့တယ်
မှောင်ကလည်း မှောင်
မည်းကလည်းမည်း
တစမ်း စမ်းနဲ့
တ၀ါးဝါးရယ်
သရဲကို ကြောက်
ခွေးကဟောက်လို့
ဘုရားစာရွတ်
တတွတ်တွတ်နဲ့
လာခဲ့ချေပြီ
စိတ်ထဲဝယ် ကြည်နှုး
ကိုယ့်ပီတိနဲ့ကိုယ်မြူးနေလေ၏
အန္တရယ် ကိုမကြောက်
စိတ်ကြီးရောက်ကာ
စိတ်အလိုကို လိုက်
အထုပ်ပိုက်လို့ မိန်းမကို
တကယ် ရယ်တဲ့
တကယ် နှစ်ခါ မလုပ်ဘူး
တစ်ခါရည်စူးလို့
မိန်းမ ခိုးဖို့လေ
ဘယ်သူ့မှ မခေါ်
လူများလျှင် သူမ က
ကြောက်သည်တဲ့
သူမ အိမ် အောက်
လျှောက်ရင်းရောက်စဉ်
အခြေ အနေ
အချိန် အခါ
လေ့လို့လာရင်း
စောင့်နေရင်းက
ပျက် နေတဲ့ မီး
ရုတ်တရက်ရယ်လင်း
မိုးတွေ ကတိတ်
ခွေးတွေ ကအူ
လူကူ ပူလာသောကြောင့်
ခွေးတွေကို မောင်းစဉ်
လှည့်လည်နေတဲ့
လှည့်ကင်းက တွေ့
ဒီသူခိုးတော်တော် လေး ရဲတင်း
ဓါတ်တိုင် အောက်ဝယ်
ခိုးထုတ်ခိုးထည် နှင့်တွေ့ ဟုဆို
ရယ်ရယ်မောမော
မော်မော် ကြွားကြွား
ကျွန်ုပ်အားဖမ်းကာ

ဂုဏ် ယူဝင့်ကြွားနေကြလေသည်….။

သူခိုးတော့သူခိုးပါပဲဗျာ ဒါပေမယ့်……။

စောင့်ပေအုန်းတော့ချစ်သူရေ…..။

စောင့်ပေအုန်းတော့ ငတုံးကောင်ရေ… မနက်လင်းအောင်….။

In: ကဗျာ Posted By: Date: Aug 21, 2011
Comment #1

ဒါပေါ့ဗျာ မနက်လင်းအောင်စောင့်လိုက်ဦးပေါ့ ဒါမှ အသင် သံတိုင်ကြားက အိမ်ပြန်လို့ရမှာကိုး
ခပ်မိုက်မိုက်ကဗျာလေးဘဲ အားပေးသွားတယ် ။

commentinfo By: X - ray at Aug 21, 2011
Comment #2

he,,,he,,,
ha,,,ha,,,
really really nice.
i like so so much.
thz so much.
most of ur poem make all readers b happy.

commentinfo By: ei lay at Aug 21, 2011
Comment #3

now really want to cry that read again this funny poem.
thz so much.

commentinfo By: ei lay at Jun 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment