Professional Authors

JUMP & BLOCK – နရီထက်

၁၄၀ မြောက်  အိမ်မက်တွေ
ဆေးတစ်စက်စာ ပန်းချီပြကွက် တစ်ခုလား
၇ ကြိမ်မြောက် ကြိုးပမ်းမှုတွေ
တစ်ခုလေးတောင် မျှော်လင့်ခြင်းလမ်းစဖြစ်ခဲ့လို့လား

၁၀ ကနေ ၁ အထိ ရေကြည့်တယ်
အမြင့်ရောက်နိုင်မယ့် ဒုံးခွင်းစနစ်မဟုတ်တော့
ဘ၀တွေက သုည နှင့် ၁ လောက်ထိပဲ ရေခွင့်ပေးတယ်

ကံကြမ္မာလှည့်စားတာ များလို့
တိမ်တွေတောင် အဝေးပြေးလွင့်နေကြရတယ်

ဘ၀မှာ လျှို့ဝှက်တံခါးဖွင့်ကုဒ်မရှိတော့
နင့်နဖူးစာ ကို တံဆိပ် ကြိုတင် နှိပ်ထားတယ်
ဂမ္ဘီရ ဆန်ခဲ့ကြတယ် မဟုတ်လား

အချိန်မတန်ဘဲ ခြံကျော်ကြည့်တယ်
ဂျိုက်ထဲ ချတတ်တယ်…
ကံကောင်းချင်တော့ …
တစ်ရွာပြောင်း သူကောင်းတဲ့လား

ရလာဒ်တိုင်းက ပစ်မှတ်မဟုတ်ဘူး
အဆင့်တိုင်းက ကျေနပ်မှုမဟုတ်ဘူး
ငါတို့ နင်တို့ ဘ၀ကို ရောင့်ရဲတင်းတိမ်နိုင်လို့လား

အချိန်ဆိုတာ ဘလောက်တစ်ခု(block)
ကမ္ဘာကြီးရဲ့တစောင်းနားမှာ မှေးတင်ထားတယ်
နင်တို့ ငါတို့က လည်ပတ်စီးဆင်းမှုတွေပါ….။     ။

နရီထက်
( ၂၀ ၊ သြဂုတ်လ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Aug 20, 2011
Comment #1

အချိန်မတန်ဘဲ ခြံကျော်ကြည့်တယ်
ဂျိုက်ထဲ ချတတ်တယ်…
ကံကောင်းချင်တော့ …
တစ်ရွာပြောင်း သူကောင်းတဲ့လား
.
နှစ်သက်လို့ အားပေးလျှက်

commentinfo By: အသဲကွဲမိုး at Aug 20, 2011
Comment #2

ဘ၀မှာ လျှို့ဝှက်တံခါးဖွင့်ကုဒ်မရှိတော့
နင့်နဖူးစာ ကို တံဆိပ် ကြိုတင် နှိပ်ထားတယ်
ဂမ္ဘီရ ဆန်ခဲ့ကြတယ် မဟုတ်လား

အချိန်မတန်ဘဲ ခြံကျော်ကြည့်တယ်
ဂျိုက်ထဲ ချတတ်တယ်…
ကံကောင်းချင်တော့ …
တစ်ရွာပြောင်း သူကောင်းတဲ့လား

ရလာဒ်တိုင်းက ပစ်မှတ်မဟုတ်ဘူး
အဆင့်တိုင်းက ကျေနပ်မှုမဟုတ်ဘူး အဲ့ အပှဒ်လေးတွေ ရဲ့  ရေးထားတဲ့ စာသားနဲ့ အတွေးအခေါ်တွေကိုကြိုက်တယ် ။အမြဲအားပေးနေမယ်နော်
ငါတို့ နင်တို့ ဘ၀ကို ရောင့်ရဲတင်းတိမ်နိုင်လို့လား

commentinfo By: thuya at Aug 20, 2011
Comment #3

ရလာဒ်တိုင်းက ပစ်မှတ်မဟုတ်ဘူး
အဆင့်တိုင်းက ကျေနပ်မှုမဟုတ်ဘူး
ငါတို့ နင်တို့ ဘ၀ကို ရောင့်ရဲတင်းတိမ်နိုင်လို့လား

အချိန်ဆိုတာ ဘလောက်တစ်ခု(block)
ကမ္ဘာကြီးရဲ့တစောင်းနားမှာ မှေးတင်ထားတယ်
နင်တို့ ငါတို့က လည်ပတ်စီးဆင်းမှုတွေပါ….။ ။
အရမ်းကောင်းတယ်အကိုကြီး..

commentinfo By: myintmo at Aug 23, 2011
Comment #4

ဒီကဗျာသည် မလေးရှားနိုင်ငံတွင် ထုတ်ဝေဖြန့်ချီသော( လင်းယုန်ဂျာနယ်) နိုဝင်ဘာလထုတ် ၂၀၁၁ တွင် ဖော်ပြခြင်းခံရပါသည်။

နရီထက်

commentinfo By: Nayihtet at Nov 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment