Professional Authors

ငါရှုံးပါတယ်

သံစဉ်တွေ အံကျလာတဲ့

လူပျိုလှည့်ည

တေးသံအေးအေးလေးရဲ့ အဆုံးမှာ

ခေါင်းကိုက်အောင်မူးနေတဲ့

Beer တစ်ခွက် နဲ့ Ruby တစ်လိပ်

အရာအားလုံးဟာ အတိတ်မှာပဲ ရှိပါစေလို့

မှုန်ပြပြ အလင်းအရောင်အောက်မှာ

ငါ . . . . . ဆုတောင်းမိတယ်

အတိတ်မှာ ဘာတွေဖြစ်ခဲ့ခဲ့

ပြီးဆုံးသွားပြီ

ကြေငြာသူ ရှုံးကြေးလို့ မင်းပြောခဲ့တယ်နော်

သစ္စာတရားကို လက်ကိုင်ထားတဲ့ မင်းအတွက်တော့

အမှန်အမှား ခွဲခြားဖို့

မင်းက သစ္စာတရားကြီးသူလား , , ,?

ထားပါတော့လေ

သစ္စာတရားဆိုတဲ့ အဓိပ္ပါယ်ကို

မင်း အသေအချာနားလည်ရဲ့လား . . . ?

လူတစ်ယောက်က မင်းအရှေ့မှာ

ကျရှုံးသွားတာကို မင်းခံတွင်းတွေ့နေလား . . . ?

တုန်ပြန်တတ်တဲ့ လောကကြီးထဲမှာ

မင်းလည်းငါ့လို မကျရှုံးပါစေနဲ့

အနိုင်အရှုံးတွေကြားမှာ

အရှုံးတွေဟာ ငါ့ရဲ့ မိတ်ဆွေတွေဆိုတာ

မင်း သိမှ သိပါလေစ

ငါကျေနပ်ပေးရမှာပေါ့

ငါပျော်နေပါတယ် မိန်းကလေး

မင်းအတွေးမှာ မင်းထင်သလိုမဟုတ်ခဲ့လို့

မင်းတော်တော်ခံပြင်းနေလား . . . ?

နောင်တတွေနဲ့ လိမ်းကျံထားတဲ့

မင်းရဲ့ သစ္စာတရားတွေကို

မင်းကိုယ်တိုင် မင်းကိုယ်တိုင် ပါပဲ

အဆုံးသတ်လိုက်တာနော် ။ ။

 

Comment #1

မင်းအတွေးမှာ မင်းထင်သလိုမဟုတ်ခဲ့လို့

မင်းတော်တော်ခံပြင်းနေလား . . . ?

နောင်တတွေနဲ့ လိမ်းကျံထားတဲ့

မင်းရဲ့ သစ္စာတရားတွေကို

မင်းကိုယ်တိုင် မင်းကိုယ်တိုင် ပါပဲ

အဆုံးသတ်လိုက်တာနော် ။ ။
ကိုမင်းခန့်သူအားပေးသွားပါတယ်။

commentinfo By: poem.poem28 at Aug 19, 2011
Comment #2

u r always winner.

commentinfo By: ei lay at Jan 30, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment