Professional Authors

အပြာရောင် နေ့သစ်များဆီသို့…..

ယမ်းငွေ့တွေကြားမှာ

ကြောက်လန့်မှုတွေစားသုံးရင်း

ဖက်နဲ့ထုပ်ထားရတဲ့အသက်တွေ

မြက်တစ်ပင်လောက်မှ တန်ဖိုးမရှိဘူးလား

အာဃာတတွေ အမုန်းတရားတွေနဲ့

သံသယမျက်လုံးတွေနဲ့

ရန်တွေပွားနေတဲ့လူတွေကြားထဲ

အသက်ရှုကြပ်တဲ့ဘ၀ကြီး

နေ့ရက်တိုင်းဟာ လှပါနေပါဦးမလား…….

တိုက်ထုတ်လိုက်စမ်းပါ….

ရင်ထဲက အငြိုးတွေကို

သတ်ပစ်လိုက်စမ်းပါ…

ဒေါသမာနတွေကို…….

အားလုံးကိုခဏမေ့ပြီး

ခဏလောက်လိုက်ခဲ့စမ်းပါ

သဘာဝရဲ့အလှတရားကို

အတူတူသုံးဆောင်ကြရအောင်…..

စစ်မဖြစ်တဲ့နေရာ….

သွေးနံ့ကင်းရာမြေ…..

အမုန်းမရှိတဲ့ကမ္ဘာကြီးကို

အတူတူတည်ဆောက်ကြရအောင်

ငြိမ်းချမ်းရေး ချိုးငှက်ကလေးကို

လွတ်လွတ်လပ်လပ် ပျံသန်းခွင့်ပေးကြစမ်းပါ

ငါတို့အတူတူ… တိမ်တွေခူးစားကြမယ်လေ….။ ။

 

P.S.ရှမ်းပြည်နယ်နှင့်ကချင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကိုရှုတ်ချရင်း အငြင်းပွားမှုတွေ၊စစ်ပွဲတွေ ရပ်ဖို့ တောင်းဆိုပါတယ်………….

In: ကဗျာ Posted By: Date: Aug 18, 2011
Comment #1

သဘာဝရဲ့အလှတရားကို

အတူတူသုံးဆောင်ကြရအောင်…..

စစ်မဖြစ်တဲ့နေရာ….

သွေးနံ့ကင်းရာမြေ…..

အမုန်းမရှိတဲ့ကမ္ဘာကြီးကို

အတူတူတည်ဆောက်ကြရအောင်

ငြိမ်းချမ်းရေး ချိုးငှက်ကလေးကို

လွတ်လွတ်လပ်လပ် ပျံသန်းခွင့်ပေးကြစမ်းပါ

ငါတို့အတူတူ… တိမ်တွေခူးစားကြမယ်လေ….။ ။

( အရမ်းကိုကောင်းပါတယ်)

commentinfo By: May Kha at Aug 18, 2011
Comment #2

အပြာရောင်နေ့သစ် များထဲမှာ ငြိမ်ချမ်းရေးကိုယ်စားပြု လွမ်းနောင်

commentinfo By: Nat Khat Sue at Aug 18, 2011
Comment #3

လွမ်းနောင်ရေ …

commentinfo By: chityellusoelay at Aug 18, 2011
Comment #4

အားပေးနေပါတယ် ကိုလွမ်းနောင်

Comment #5

ဆုတောင်းပြည့်ပါစေလို့ ..ဆုတောင်းပေးလိုက်ပါတယ်….
ကိုလွမ်းနောင်ရေ…..အားပေးသွားတယ်..ဗျာ

commentinfo By: terry at Aug 18, 2011
Comment #6

ရှမ်းပြည်နယ်နှင့်ကချင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကိုရှုတ်ချရင်း အငြင်းပွားမှုတွေ၊စစ်ပွဲတွေ ရပ်ဖို့ တောင်းဆိုပါတယ်………….
ထပ်တူထပ်မျှ..ဆုတောင်းသွားတယ်ဗျာ
(သူများတွေများ..ဆုတောင်းတာတောင်..ကဗျာလေးနဲ့)

commentinfo By: အသဲကွဲမိုး at Aug 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment