Professional Authors

အရူးကဗျာ

ကောင်းကင်ကိုဆေးခြယ်
သောကြာကြယ်ကိုချီမ
နတ်ဘုရားတွေ အလိုမကျချင်နေ
လမင်းဆီအရောက်သွားဖို့
မျှော်လင့်ချက်ဖိနပ်ပါးနဲ့ပေါ့။ ____

လေညှင်းတွေနဲ့ တေးသီ
သံစဉ်တွေ လမင်းနားဆင်ဖို့
ကမ္ဘာကိုအိပ်ဆေးခတ်
လည်တာခဏရပ်လိုက်မယ်။ ____

အာ!… ကြာပါတယ်ကွာ
လမင်းရေ……
ဘက်စ်ကားပေါ်တက် လူကြပ်တဲ့ဘက်မို့
နင့်ဆီအရောက် နည်းနည်းတော့ နောက်ကျမယ်။ ____

In: ကဗျာ Posted By: Date: Aug 18, 2011
Comment #1

Like … 🙂

commentinfo By: Nay Kha at Aug 18, 2011
Comment #2

very good … လေးစားတယ်ဗျာ … 🙂

commentinfo By: chityellusoelay at Aug 18, 2011
Comment #3

ကောင်းတယ်ဗျာ စကားလုံးတွေ

Comment #4

goodတယ်ဗျာ….

commentinfo By: poem.poem28 at Aug 19, 2011
Comment #5

အာ!… ကြာပါတယ်ကွာ
လမင်းရေ……
ဘက်စ်ကားပေါ်တက် လူကြပ်တဲ့ဘက်မို့
နင့်ဆီအရောက် နည်းနည်းတော့ နောက်ကျမယ်။ ___

commentinfo By: May Kha at Aug 19, 2011
Comment #6

ဟဲ့ပလုပ်တုတ်…ကောင်းတယ်ဟ
😀

commentinfo By: ချီရွန် at Sep 14, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment