Professional Authors

ဒိုင်ယာရီရဲ့ နာကြဉ်းသံစဉ်…

မင်းရဲ့မာယာလက်အစုံနဲ့
ငါ့မာနတွေကိုတီးခတ်လိုက်တော့
မွေးဖွားလာတဲ့နာကြဉ်းသံတွေက
နားထောင်လို့တော့အကောင်းသား…….
တွန်းချဖို့မကြိုးစားနဲ့
ခုန်ချချင်လို့ ကမ်းပါးစွန်းမှာရပ်ခဲ့တာ…..
မြေကြီးနဲ့မထိခင်ခဏမှာ
လေဟုန်စီးရင်း ကြည်နူးသွားချင်သေးတယ်…
တတ်နိုင်ရင်တော့…..
ငါနဲ့ခပ်ဝေးဝေးမှာရပ်နေ…..
မင်းအချစ်ကိုကိုးကွယ်မယ့်အစား
ဒိုင်ယာရီကို ပြောင်းပြန်ဖတ်လိုက်ချင်တယ်
ဇာတ်သိမ်းခန်းကို သိပြီးမှ…
ပထမဆုံးစာမျက်နှာကို ပြန်တမ်းတတဲ့အရသာက
အသည်းကွဲရတာထက်တော့ ပိုချိုမှာအမှန်ပဲ………။          ။

In: ကဗျာ Posted By: Date: Aug 17, 2011
Comment #1

မင်းအချစ်ကိုကိုးကွယ်မယ့်အစား
ဒိုင်ယာရီကို ပြောင်းပြန်ဖတ်လိုက်ချင်တယ်
ဇာတ်သိမ်းခန်းကို သိပြီးမှ…
ပထမဆုံးစာမျက်နှာကို ပြန်တမ်းတတဲ့အရသာက
အသည်းကွဲရတာထက်တော့ ပိုချိုမှာအမှန်ပဲ……

commentinfo By: May Kha at Aug 17, 2011
Comment #2

ငါနဲ့ခပ်ဝေးဝေးမှာရပ်နေ…..
မင်းအချစ်ကိုကိုးကွယ်မယ့်အစား
ဒိုင်ယာရီကို ပြောင်းပြန်ဖတ်လိုက်ချင်တယ်

Comment #3

ဇာတ်သိမ်းခန်းကို သိပြီးမှ…
ပထမဆုံးစာမျက်နှာကို ပြန်တမ်းတတဲ့အရသာက .. အဲတာလေးကိုသိချင်တယ်ဗျာ ကိုလွမ်းနောင် .. 🙂

commentinfo By: chityellusoelay at Aug 17, 2011
Comment #4

တွန်းချဖို့မကြိုးစားနဲ့
ခုန်ချချင်လို့ ကမ်းပါးစွန်းမှာရပ်ခဲ့တာ…..
မြေကြီးနဲ့မထိခင်ခဏမှာ
လေဟုန်စီးရင်း ကြည်နူးသွားချင်သေးတယ်…

လန်းတယ်ဗျာ…

commentinfo By: လူကြီး.. at Aug 17, 2011
Comment #5

တို့ လဲ ပြောင်းပြန်ဖတ်ပစ်လိုက်မယ်….

😀

အားပေးလျက်
မေသူ

commentinfo By: MayThu at Aug 18, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment