Professional Authors

ပြတ်ပြတ်သားသားပြောရရင် ခင်ဗျားကကျွန်တော်မဟုတ်ဘူး။

ပြတ်ပြတ်သားသားပြောရရင်ခင်ဗျားကကျွန်တော်မဟုတ်ဘူး။

ခင်ဗျားစီးတဲ့ကားအမျိုးအစား ကျွန်တော်မသိသလို

ကျွန်တော်စီးတဲ့ ဖိနပ်တံဆိပ်လည်း ခင်းဗျားသိမှာမဟုတ်ဘူး။

ခင်ဗျားနင်းခဲ့တဲ့ လည်မျိုတွေ ခင်ဗျားမမှတ်မိသလို

ကျွန်တော်ကိုတွန်းချနေတဲ့ လက်တွေကိုလဲ မှတ်မိတော့ဘူး။

ခင်ဗျားက လောကဓံကို ဖယောင်းတိုင်းမီးမှုတ်သလို ချူပ်ငြိမ်းလို့ရပေမဲ့

ကျွန်တော်က ဒုက္ခတွေကို တစ်စတစ်စလိုက်ကောက်လို့ မဆုံးဘူး။

ခင်ဗျားဒုက္ခက ကျွန်တော်ဒုက္ခထက် တစ်ခါတစ်ခါ ပိုများနေမလား။

ခင်ဗျားအရာရာကိုဖန်ဆင်းနိုင်တဲ့ နတ်တစ်ပါးဖြစ်သလို

ကျွန်တော်က အရာရာမဖြည့်စီးနိုင်တဲ့ လိုအပ်မှုနတ်သားဖြစ်တယ်။

ခင်ဗျားက အမှားကိုအမှန်လုပ်တတ်တဲ့ ပါရဂူ ကျွန်တော်က အမှန်ကို အမှန်မပြောရဲတဲ့ ငကြောက်

ကျွန်တော်က သေမှာထက် ငွေမရှိတဲ့ဘ၀ကိုရောက်မှာပိုကြောက်သလို

ခင်ဗျားက ငွေမရှိမှာထက်သေမှာပိုကြောက်တယ်မဟုတ်လား။

ခင်ဗျားနဲ့ကျွန်တော်တူတာဆိုလို့ အချိန်တန်ရင်သေမှာရယ်၊

သောကအကြီးအသေးတွေရယ်၊ အကောင်းမမြင်တက်တဲ့သံသယအချို့ ရယ်၊

မိသားစုအတွက်ရယ်ပဲရှိတယ်…။

ကဲ ခင်ဗျား…………ကကျွန်တော်နဲ့မတူပါဘူးဆိုနေမှပဲ..။

အငွေ့

In: ကဗျာ Posted By: Date: May 11, 2010  
Comment #1

မိုက်တယ်ကွာ
သဘောကျတယ်

commentinfo By: Gyit Tu at May 12, 2010
Comment #2

”အမှန်ကိုအမှန် မပြောရဲတဲ့ ငကြောက်” ဆိုတာကို တော်တော် သဘောကျတယ်…….

commentinfo By: ဆောင်း at May 28, 2010
Comment #3

ကိုအငွေ့ ဒီကဗျာလေးရဲ့ ဆိုလိုရင်းကို ကျွန်တော်တော်တော် ကြိုက်တယ် … လူအမျိုးမျိုး ကွဲပြားနေတယ် … ဆက်လက်ပြီး ဒီလိုကောင်းတဲ့ ကဗျာမျိုးတွေ အများကြီး ရေးနိုင်ပါစေ …

commentinfo By: lianno at Jun 13, 2010
Comment #4

May you be happy!
Good Luck!
Uyone.

commentinfo By: Yan Naing Htun at Jun 15, 2010
Comment #5

မိုက်တယ်ကွာ…တကယ်..တော်ချက်..

commentinfo By: miss30 at Jun 22, 2010
Comment #6

ကောင်းချက်ဗျာ

commentinfo By: poht at Jun 22, 2010
Comment #7

အရမ်းကောင်းပါတယ်ဗျာ။

commentinfo By: ကဗျာ ချစ်သူ at May 27, 2011
Comment #8

အားပေးသွားပါတယ်

Comment #9

အားလု့းကောင်းတယ်ပြောစရာမရှိဘူး……မပြောတက်လို့

commentinfo By: sai wai yan at Nov 24, 2011
Comment #10

right,,,
not strange anymore,,,
all humans have different feelings & attitudes.
it’s human’s right.

commentinfo By: ei lay at Jan 11, 2012
Comment #11

နောက်ဆုံးတကြောင်း ကို နားမလည်ဘူး ဗျာ ကျန်တာတွေ ကတော့ ရှယ်ပဲ ဘယ်လို အဆုံး သတ်ပေးရမှန်းကို မသိတာ …………

commentinfo By: မောင်မောင် at Oct 17, 2012
Comment #12

အရမ်းမိုက်တယ် ဗျာ သူများတွေပါခံစားလို့ရအောင် share သွားပီနော်

commentinfo By: gg at Nov 22, 2012
Comment #13

a yan mite tal …thx par

commentinfo By: yoon honey at May 12, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment