Professional Authors

ချစ်သူရဲ့အလှ … ( FOR ZMMC )

သုံးရက်လနှယ်
ခုံးမျက်စသွယ်
ချစ်သူ့မျက်ခုံး
လနှယ်ပြုံးလို့
ဘယ်သူပြိုင်အုံး
သူတို့ရှုံး၏ ။

ရွန်းလဲ့စိုစို
နက်မှောင်ကြည်လို့
အကြည့်တစ်ချက်
ရင်မှာစိုက်လျက်
ချစ်သူ့မျက်ဝန်း
စူးရှလွန်းလို့
ဘယ်သူပြိုင်အုံး
သူတို့ရှုံး၏ ။

ပတ္တမြားစိန်ခြယ်
ပန်းနှုရောင်နှယ်
မြင်သူအဖို့
ရင်မှာဖိုလျက်
ချစ်သူ့နှုတ်ခမ်း
လှနှိုင်လွန်းလို့
ဘယ်သူပြိုင်အုံး
သူတို့ရှုံး၏ ။

In: ကဗျာ Posted By: Date: Aug 16, 2011
Comment #1

ဒီကဗျာကတင်ပြီးသားပါ … တင်ထားတာပျောက်သွားလို့ပြန်တင်ရတာပါ ..
လူဆိုးတင်ထားတဲ့ကဗျာတွေပျောက်ကုန်လို့ပါ … 🙂

commentinfo By: chityellusoelay at Aug 16, 2011
Comment #2

သြ ။။။လူဆိုးကဗျာတွေ အဖမ်းအဆီး ခံလိုက်ရပုံပဲ
အားပေးသွားတယ်

Comment #3

ဟုတ်တယ်အမောင်လုလင်ရေ … ဟိဟိ

commentinfo By: chityellusoelay at Aug 16, 2011
Comment #4

For လူဆိုးshawte ဆိုပေမယ့် X – ray ဝင်ရိုက်သွားတယ်ဗျာ ရင်ဘတ်ထဲမှာ အလွမ်းလုံးကြီးတွေ့ရတယ် ကိုလူဆိုးချစ်သူနဲ့တွေ့ရင် ပျောက်သွားမှာပါ ကဗျာလေး ဖတ်လို့ကောင်းတယ်ဗျ အားပေးသွားတယ် ။

commentinfo By: X - ray at Aug 16, 2011
Comment #5

X- ray .. အလုံးကြီးကတော်တော်ကြီးနေတာဗျ … အားပေးသွားတာကျေးဇူးပါပဲအကို .. 🙂

commentinfo By: chityellusoelay at Aug 16, 2011
Comment #6

ချစ်တာကတော့…….ဘယ်သူမှယှဉ်နိုင်မှာမဟုတ်လောက်ဘူး….ကောင်မလေးကံကောင်းတာပေါ့
အားပေးသွားတယ်ဗျ
မလိမ်မာတဲ့ သူရေ … 😛

commentinfo By: အသဲကွဲမိုး at Aug 17, 2011
Comment #7

တိန် …နာမည်ပဲဆိုးတာပါနော် … လူကလိမ္မာပါတယ်ဗျ …ဟိဟိဟိ

commentinfo By: chityellusoelay at Aug 17, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment