Professional Authors

ကျွန်တော်အိမ်မပြန်ချင်ဘူး

အဖေ x
အမေ x
ကျွန်တော် x
ညီမလေး x
အစ်မ x
ကိုယ့်အတ္တနဲ့ ကိုယ် ကြက်ခြေခတ်
မိသားစု တေးသွားက အသံကြောင်တယ်
ဂီတာ တစ်လက်က မိသားစု ဆိုရင်
ဘယ်တော့မှ ကြိုးမညီတဲ့ အိမ်
တစ်ယောက်တစ်သံနဲ့
ဘ၀ ၅ ကြိုးလုံး လက်ခတ်လိုက်တိုင်း
သံစဉ် တစ်ခု ဖြစ်မလာဘူး…။
ကျွန်တော်လိုချင်တာက
ဘယ်နှကြိုးတီးတီး သာယာသံတစ်ခုပဲ ထွက်ရမယ်
ဒါ….
မိသားစုပဲ။

အငွေ့

In: ကဗျာ Posted By: Date: May 11, 2010  
Comment #1

: ) နင့်ကဗျာထဲ ငါလဲပါတယ်နော်…(နောက်တာ)
အရမ်းကောင်းတဲ့ ဖွင့်ဆိုချက်ပဲနော် မိသားစုဆိုတာကို

commentinfo By: ကြက်ခြေခတ် at Aug 8, 2010
Comment #2

ပျော်ရွင်စရာကောင်းတဲ့
မိသားစုလေးပိုင်ဆိုင်နိုင်ပါစေ

commentinfo By: chocolate at Sep 27, 2010
Comment #3

သဘောထားချင်းတိုက် ဆိုင်လို့လားမသိဘူး ကဗျာကိုကြိုက်ပါတယ်ဗျာ…………………………

commentinfo By: Min Khant Soe at Oct 13, 2010
Comment #4

ရင်ကို ထိတဲ့ ကဗျာလေးပါ ကိုအငွေ့ရေ

commentinfo By: Lazy Poet at Dec 17, 2010
Comment #5

ကဗျာလေးဖတ်ပြီး စိတ်မကောင်းဖြစ်ရပါတယ်……သာယာတယ် မိသားစုလေးပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းလျှက်………

commentinfo By: phyu lay at Jan 7, 2011
Comment #6

ကျွန်တော်လိုချင်တာက
ဘယ်နှကြိုးတီးတီး သာယာသံတစ်ခုပဲ ထွက်ရမယ်
ဒါ….
မိသားစုပဲ။

မိသားစု အကြောင်းေ၇းတာ ပေါ်လွင်လိုက်တာဗျာ

commentinfo By: MyoZin at Jul 3, 2011
Comment #7

ွကျွန်တော်လဲ အတူတူပဲဗျိုးးးး.။

commentinfo By: အောင်ရဲသူ at Jul 7, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment