Professional Authors

ဘ၀အကြောင်းရေးဖို့ မလွယ်ဘူး

“ဘ၀အကြောင်းရေးရတာနဲ့ စာရင်
ကဗျာအကြောင်းရေးရတာကလွယ်ပါတယ်”

ဘ၀ ကို
ထင်သလိုရေးလို့မရဘူး။
မြင်သလိုရေးလို့ မရဘူး။
ကြုံသလိုရေးလို့ မရဘူး။
ကြားသလိုရေးလို့ မရဘူး။

မော်ဒန်ကဗျာတစ်ပုဒ်လို
ဘ၀က စည်းလွတ် ၀ါးလွတ်
လွတ်လပ်ခြင်းနဲ့ ကခုန်လို့မရဘူး။

စည်းတွေ ဘောင်တွေနဲ့ ဖွဲ့တဲ့
ကာရံတစ်ပုဒ်လည်းမဟုတ်ဘူး။

ကဗျာဆရာတွေက ကဗျာရေးတယ်။
ဘ၀က ကဗျာဆရာတွေနဲ့ လူတွေကို
ကဗျာလုပ်ပြီပြန်ရေးနေတာ…
ခေတ်အဆက်ဆက်ပေါ့။

အငွေ့

In: ကဗျာ Posted By: Date: May 11, 2010
Comment #1

Right

commentinfo By: ei lay at Dec 19, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment