Professional Authors

ရေးဖြစ်သွားခဲ့တဲ့ ကဗျာတွေ

ခပ်စိပ်စိပ် ရွာကျလာတဲ့ မေးခွန်းတွေ

ရောက်တတ်ရာရာ စိုရွှဲရင်း

ကိုယ့်ကိုကိုယ် ခြောက်လှန့်နေလို့

ဘာမှဆုပ်ကိုင်ဖို့မကြိုးစားမိဘူး

လက်ထဲမှာက သံသယတစ်ချို့

အဖြေမတွေ့မဲ့ အတူတူ (ဆင်ခြေရှာမတွေ့တာလဲပါတယ်)

ခပ်ထွေထွေပဲ စိတ်ကိုလွှတ်ပေးလိုက်တယ်

ရယ်သံစွက်စွက် အသံတိတ်ငိုမိရင်း ။

နားလည်ဖို့မကြိုးစားလည်း

မျက်စပြစ်ပြနေတဲ့ ဖြေရှင်းချက်အတုတွေ

ဒီအတိုင်း ဖြေလျော့ထားတဲ့စိတ်တွေနဲ့

ကဗျာတစ်ပုဒ်ထိုင်ရေးဖို့ ကြိုးစားကြည့်လိုက်တယ် ။

အစိုင်အခဲလိုလိုခံစားချက်တွေက

စာသားတွေအဖြစ် လက်ချောင်းတွေထဲ ပူးဝင်တုန်ရီလို့

ပေါက်ထွက်လွင့်စင်လာတဲ့ တစ်ပိုင်းတစ်စ ကဗျာစာသား

စာရွက်ဖြူဖြူပေါ် ခုန်ပေါက်ပြေးလွှားနေပြီ ။

ဒီလိုနဲ့ ရေးဖြစ်သွားတဲ့ ကဗျာတစ်ပုဒ်ပြီးတစ်ပုဒ်

ရည်ရွယ်သူမသိ ပိုင်ရှင်မရှိ ဖြစ်သွားခဲ့တာ ခဏခဏပဲ ။   

 

 

In: ကဗျာ Posted By: Date: Aug 16, 2011
Comment #1

ရည်ရွယ်သူမသိ ပိုင်ရှင်မရှိ ဖြစ်သွားခဲ့တာ ခဏခဏပဲ ။ ။
ဒီကဗျာလည်း ရည်ရွှယ်သူမသိ ပိုင်ရှင် မရှိ တာများလား

Comment #2

ဟယ်…တူတူပဲ ..ရေးဖြစ်တဲ့ကဗျာတွေအားလုံးနီးပါးပဲ

commentinfo By: နတ်သမီး at Aug 16, 2011
Comment #3

ကြိုက်တယ်ဗျာ .. စာသားလေးတွေအရမ်းကောင်းတယ် .. ။

commentinfo By: chityellusoelay at Aug 16, 2011
Comment #4

ဒီလိုနဲ့ ရေးဖြစ်သွားတဲ့ ကဗျာတစ်ပုဒ်ပြီးတစ်ပုဒ်

ရည်ရွယ်သူမသိ ပိုင်ရှင်မရှိ ဖြစ်သွားခဲ့တာ ခဏခဏပဲ ။ ။

စာနာမိပါတယ်

commentinfo By: အသဲကွဲမိုး at Aug 16, 2011
Comment #5

ဒီလိုနဲ့ ရေးဖြစ်သွားတဲ့ ကဗျာတစ်ပုဒ်ပြီးတစ်ပုဒ်

ရည်ရွယ်သူမသိ ပိုင်ရှင်မရှိ ဖြစ်သွားခဲ့တာ ခဏခဏပဲ ။ ။

စာနာမိပါတယ်

commentinfo By: အသဲကွဲမိုး at Aug 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment