Professional Authors

မဟာနဒီ၏ ဈာပန နိဒါန်း

မဟာနဒီ၏ ဈာပန နိဒါန်း
အကြေအညာဆက်ပေး၊
ပြေ(ပြည်)မြန်မာအသက်သွေးမို့၊
ရတက်မအေးပါ မဟာနဒီ။
မြစ်နှစ်စင်းဟာ၊
မြစ်မင်းမဟာဖြစ်၊
ကြာရစ်လေပြီ။
ခင်ဝမ်းရဲ့ ဧရာဝတီ၊
ရွှေဝါပြည်ရဲ့ ဇာတိသမိုင်း။
မပြစ်မှားလေနဲ့၊
မြစ်ဖျားမှာ ဆည်တွေပိတ်ရင်ဖြင့်၊
အပြစ်များစွာ ကြွယ်နေလိမ့်ပေမပေါ့၊
ရေဆိပ်တွေ မသွေခမ်းပါလို့၊
ရေလမ်းတွေ တွင်တွင်ကျဉ်းပါလိမ့်၊
ရေဆင်းဟာ အလျဉ်နှေးကာပ၊
ရင်သွေးတွေ ရေမဝနိုင်ဘူး၊
ဂေဟတွေ ဖြစ်စဉ်ပျက်ရုံမက၊
မြစ်ပြင်နက် တိမ်ကောကာ၊
ကျိန်ပြောပါမှ “မြစ်” ဆိုရပါလျှင်၊
ခေတ်ကိုပြတဲ့ ကြေးမုံအင်မှာ၊
တေးပုံပြင် စာတင်နှိုင်းလာသမျှဟာ
ကွယ် … ရာဇဝင်ရိုင်း။ ။
ဟယ်ရီ
In: ကဗျာ Posted By: Date: Aug 15, 2011
Comment #1

ခေါင်းစဉ်ကိုကစိတ်ဝင်စားစရာအလွန်ကောင်းပါတယ်.
ကဗျာကိုဖတ်လိုက်တော့အတိုင်းမသိကျေနပ်မိတယ်….
ဆက်ရေးပါ……… အားပေးနေပါတယ်…….

commentinfo By: May Kha at Aug 16, 2011
Comment #2

ကျေးဇူး မေခရေ … တတ်နိုင်သမျှ ဆက်လက်ဖြန့်ဝေပေးပါလို့ မေတ္တာရပ်ခံပါတယ်

commentinfo By: harry at Aug 16, 2011
Comment #3

အရမ်းကောင်းပါတယ်ခင်ဗျာ

commentinfo By: yaezarninyeinchan at Jul 7, 2013
Comment #4

送 good!!!

commentinfo By: shwezinmyatno at Jul 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment