Professional Authors

သြဂတ်လ ၇ ရက် ၊ တနင်္ဂနွေနေ့….

ဝေါခနဲ..

ကဗျာရေးနေ တဲ့ စိတ်ကူးလေးတောင် လှပ်ခနဲ တုန်…

ညီမလေးရေ  မောင်းသွားတဲ့ ကားက အရှိန်ပြင်းလိုက်တာ…

ခေါင်း ထောင်ကြည့်ချိန်တောင်မရ

မတ်လွန်းတဲ့ ကုန်း နဲ့ ပြတ်သွားတဲ့ ဘ၇ိတ်

ခတ် ထုတ်လိုက်တဲ့ မီးစ ဟာ

သမုဒ္ဒရာ ငါးစင်း ကို ပြာကျတဲ့ အထိ ရှို့တယ်…

စားကျက်ဟာ တစ်ရံတစ်ခါ

သတ်ကွင်း…

တကယ့်ကို ပါပဲ

ရှင်တို့ ကျွန်မတို့

ရပ်ကြည့် နေရတဲ့ ကောင်းကင်

အပြောင်းအလဲများ မြန်လွန်းတယ်…

ရှင်တို့ ကျွန်မတို့ လင်းလက်စနဲ့

လင်းနေရတဲ့

အလင်းတွေ ကလည်း မှောင်လွန်းတယ်….ကွယ်။

In: ကဗျာ Posted By: Date: Aug 15, 2011
Comment #1

ကောင်းတယ်ဗျာ
ရှင်တို့ ကျွန်မတို့ လင်းလက်စနဲ့
လင်းနေရတဲ့
အလင်းတွေ ကလည်း မှောင်လွန်းတယ်….ကွယ်။

Comment #2

အဲဒီနေ့က မျက်စိရှေ့ လေး တင် ကားတိုက်မှု ဖြစ်သွားတာလေ…
တကယ်ကို မျက်စိတစ် မှိတ်ပဲ
ငါးယောက်တောင် ဆုံးသွားရှာတယ်…

commentinfo By: nwenyeinaye at Aug 29, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment