Professional Authors

မေးခွန်းများ .. မေးခွန်းများ

ကျေးဇူးပြုပြီး
မေးခွန်းတွေ သိမ်းလိုက်ပါ
ခင်ဗျားလိုချင်တဲ့ အဖြေ ကျွန်တော် မသိသလို
ကျွန်တော် ပေးမဲ့ အဖြေကိုလည်း
ခင်ဗျားက လိုချင်မှာ မဟုတ်ဘူး

ရိုးရိုးလေး တွေးတတ်တဲ့
ရှင်းရှင်းမွန်မွန် ကောင်လေးအတွက်
မေးခွန်းတွေက မခက်ပေမဲ့
အဖြေပေးဖို့တော့ တော်တော် ခက်နေတယ်

ကိုယ့်ရင်ဘတ်ကိုယ် သတ်ပြီး
တဖက်စောင်းနေတဲ့ အဖြေတွေ
ပေးရမှာ .. နေပူတယ်

ခင်ဗျား မလိုချင်တဲ့ အဖြေအတွက်
ခင်ဗျားက အမှတ် ဘယ်လောက်ပေးမှာလဲ
ခင်ဗျားလိုချင်တဲ့ အဖြေကျရော
၁၀၀ ပေးရောလား
အမှတ် ဆိုတာတွေက
တကယ်ရော အမှတ် ဖြစ်စေရဲ့လား
အမှတ်မရရင်ရော
ဘ၀က အသက်မဲ့သွားရောလား

ဘယ်လောက်နဲ့ တန်ကြေးဖြတ်ရမှန်းမသိတဲ့
ကိုယ့် အတ္တငွေ့ငွေ့လေးကို
ကျောပိုး ထမ်းထားရင်း
ဆက်လျှောက်လာတဲ့ ခရီးက
…………… ကြမ်းခဲ့တယ်

ချီရွန် ( ပုလဲ )

In: ကဗျာ Posted By: Date: May 11, 2010  
Comment #1

သူလာပြီ .. သူလာပြီ ..

သူက အဖြေပေးရမှာတောင် ခက်တယ်တဲ့။ အန့်ရော ။ ဘာရုပ်ကြီးနဲ့ မူလိုက် လဲ ။

စတာပါဗျာ .. ကဗျာက ဂျွတ်တယ်။

commentinfo By: Thet Twe at May 11, 2010
Comment #2

Nice

commentinfo By: ei lay at Oct 28, 2012
Comment #3

အကို ဘယ်လိုတွေရေးလဲတော့မသိဘူး….ဖတ်ရင်းနဲ့သေသွားနိုင်ပါတယ်…

commentinfo By: sainobermaung at Mar 11, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment