Professional Authors

တမ်းတခြင်း ကဗျာ

အဲဒီလို
ရိုးရိုးအီအီနဲ့ပဲ
မေ့ပျောက်မှုမဲ့ခဲ့တဲ့
မျက်တောင် တလက်အကြောင်းပေါ့…

ပန်းနုတိမ်တိုက်အစွန်းက
သောကြာမလေးကို
ငေးမောရင်း
နေ၀န်းတပွင့်လဲ ပျောက်ရှခဲ့ဖူးပြီ…

သူမဆီက အမှတ်တမဲ့လေးတွေ
အမှတ်တရအဖြစ် ရေရှည်သိမ်းထားဆဲ
ရက်စွဲတွေကို အမည်နာမတပ်ရင်း
နားလည်ခြင်းတွေ  ဆိုက်ရောက်ချိန်ထိပေါ့လေ…

ရှိနေပါတယ်လို့ မပြောခဲ့ပေမယ့်
သူမ သိပါလိမ့်မယ် ..
အသွားချည်းပဲရှိပြီး
အပြန်ခက်တဲ့လမ်း 
ကောင်းကင်ကိုထမ်းလျှောက်ခဲ့မိတယ်….

ဘာရယ်တော့မဟုတ်ပါဘူး
သတိရခြင်းအကြောင်း
အပေါင်းအနုတ်တစုံတရာ
နားလည်မှုဖိတ်စာတစောင်
သံစဉ်ကြောင်နေတဲ့ကောင်ရဲ့
တသသနဲ့ တမ်းတခြင်းတွေပေါ့ မေ…..

In: ကဗျာ Posted By: Date: Aug 8, 2011
Comment #1

ရှိနေပါတယ်လို့ မပြောခဲ့ပေမယ့်
သူမ သိပါလိမ့်မယ် ..
အသွားချည်းပဲရှိပြီး
အပြန်ခက်တဲ့လမ်း
ကောင်းကင်ကိုထမ်းလျှောက်ခဲ့မိတယ်….
ကဗျာကကောင်းတယ်ဗျာအားပေးသွားပါတယ်။

commentinfo By: poem.poem28 at Aug 8, 2011
Comment #2

wow,,,
mike de.

commentinfo By: ei lay at Aug 8, 2011
Comment #3

ဘာရယ်တော့မဟုတ်ပါဘူး
သတိရခြင်းအကြောင်း
အပေါင်းအနုတ်တစုံတရာ
နားလည်မှုဖိတ်စာတစောင်
သံစဉ်ကြောင်နေတဲ့ကောင်ရဲ့
တသသနဲ့ တမ်းတခြင်းတွေပေါ့ မေ…..
…………………….
…………………………………………

commentinfo By: အသဲကွဲမိုး at Aug 8, 2011
Comment #4

လူဆိုးအားပေးသွားပါတယ်ခင်ဗျာ …လေးစားလျှက် ..

commentinfo By: chityellusoelay at Aug 8, 2011
Comment #5

ဘာရယ်တော့မဟုတ်ပါဘူး
သတိရခြင်းအကြောင်း
အပေါင်းအနုတ်တစုံတရာ
နားလည်မှုဖိတ်စာတစောင်
သံစဉ်ကြောင်နေတဲ့ကောင်ရဲ့
တသသနဲ့ တမ်းတခြင်းတွေပေါ့ မေ….

commentinfo By: May Kha at Aug 8, 2011
Comment #6

အားပေးသွားပါသည်

Comment #7

အသွားချည်းပဲရှိပြီး
အပြန်ခက်တဲ့လမ်း
ကောင်းကင်ကိုထမ်းလျှောက်ခဲ့မိတယ် တိုက်ဆိုင်သွားတယ်ဗျာ ။ မသိပေမယ့် အားပေးသွားပါတယ် ။

commentinfo By: X - ray at Aug 9, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment