Professional Authors

မအိပ်သော သူငယ်ချင်းများသို့

မထင်လိုက်ပါနဲ့
ကျေးလက်ရဲ့ညက
တိတ်တဆိတ်သွေးအေးလွန်းတယ်လို့
နားလည်တတ်ရင်
ညမှာလဲ ခေါင်းစဉ်မသေချာတဲ့ ခံစားချက်မျိုးစုံနဲု့
ညီးတွားနေမှာပါ

သံစဉ်ကြားတိုင်း တေးမသီနဲ့
လျှပ်ရောင်မြင်တိုင်းလဲ လန့်မခုန်လေနဲ့
ဒါတွေက ည ရဲ့ . . .

မင်း အတွက်တော့
ဒီလိုအချိန်မျိုးမှာ
ရောက်ဖူးတဲ့ အပမ်းဖြေကမ်းခြေတစ်ခုရဲ့
ဆည်းဆာချိန်ကို လွမ်းကောင်းလွမ်းနေလိမ့်မယ်

မင်းလိုပါပဲ …
တစ်ချို့က ညကို ကျိန်ဆဲနေတယ်
တစ်ချို့က ည နဲ့ဝေးရာကိုပြေးရင်း လမ်းပျောက်နေတယ်
တစ်ချို့က ည ထဲမှာ ဥစ္စာရှာတယ်
တစ်ချို့က ည ထဲက ပိုးစူးကြူးကို လိုက်ဖမ်းနေတယ်
တစ်ချို့က ည ထဲမှာ အိပ်မောကျနေလေရဲ့ …

လာပါ သူငယ်ချင်းရယ် …
မျက်ရည်တွေသုတ်ပြီး
ငါနဲ့အတူ ညနက်နက်ကို အလွတ်ကျက်ကြမယ်
မျက်တောင်မခတ်တန်းပေါ့

အချိန်တန်ရင်လေ …
အရုဏ်ရဲ့ ခွင့်ပြုချက်နဲ့
မင်းမျက်နှာပေါ်မှာ
အပြုံးတစ်ခုတွေ့ရမယ်လို့
ငါလောင်းရဲတယ် ။

In: ကဗျာ Posted By: Date: Aug 7, 2011
Comment #1

လာပါ သူငယ်ချင်းရယ် …
မျက်ရည်တွေသုတ်ပြီး
ငါနဲ့အတူ ညနက်နက်ကို အလွတ်ကျက်ကြမယ်
မျက်တောင်မခတ်တန်းပေါ့…..
တပုဒ်လုံးသဘောကျတယ် ကဗျာလေးက အေးချမ်းသလိုပဲ ဗျာ..

ငါလောင်းရဲတယ် ။ ဆိုတာလေးက နည်းနည်းထောက်သွားသလိုပဲ ကျွန်တော်အမြင်ပါ

Comment #2

ကျေးဇူးတင်ပါတယ် ကိုလုလင်ငယ်သွေး
မအိပ်သေးတဲ့ အဖေါ်အနေနဲ့ရောပေါ့

ငါလောင်းရဲတယ် ဆိုတာ တိတိကျ အာမခံတဲ့ အနေနဲ့ ရေးလိုက်တာပါ
နောက်ပီး နဲနဲလဲ မာန်ပါစေချင်လို့ပါ
နဲနဲထောက်နေတယ်ဆိုမှန်ပါတယ်
ကျေးဇူးပါဗျာ.

commentinfo By: မောင်ချမ်းအေး at Aug 7, 2011
Comment #3

လာပါ သူငယ်ချင်းရယ် …
မျက်ရည်တွေသုတ်ပြီး
ငါနဲ့အတူ ညနက်နက်ကို အလွတ်ကျက်ကြမယ်
မျက်တောင်မခတ်တန်းပေါ့

commentinfo By: မယ်မနော at Aug 8, 2011
Comment #4

ကြိုက်တယ်ဗျာ အားပေးသွားပါတယ်

commentinfo By: HEROSMITH at Aug 8, 2011
Comment #5

nice.

commentinfo By: ei lay at Aug 8, 2011
Comment #6

ထပ်တူထပ်မျှပဲ…ခံစားးအားပေးလျှက်ပါ

commentinfo By: အသဲကွဲမိုး at Aug 8, 2011
Comment #7

အလန်းပဲ … အားပေးသွားပါတယ်ခင်ဗျာ .. 😛

commentinfo By: chityellusoelay at Aug 8, 2011
Comment #8

good

commentinfo By: သက်ထား at Aug 8, 2011
Comment #9

သံစဉ်ကြားတိုင်း တေးမသီနဲ့
လျှပ်ရောင်မြင်တိုင်းလဲ လန့်မခုန်လေနဲ့
ဒါတွေက ည ရဲ့ . . . (မာယာ):P ဘာပဲဖြစ်ဖြစ်ဒီလိုလေးဖြည့်တွေးလိုက်တယ် ကဗျာဆရာရေ…. ညတွေရဲ့မွန်းကြပ်မှူအောက်က ဖေါက်ထွက်ချင်တဲ့ လူတွေအတွက်ဖြေဆေးလေးပေါ့…

commentinfo By: phyowai at Aug 8, 2011
Comment #10

သံစဉ်ကြားတိုင်း တေးမသီနဲ့
လျှပ်ရောင်မြင်တိုင်းလဲ လန့်မခုန်လေနဲ့
ဒါတွေက ည ရဲ့ . . . (ဖောက်လွဲဖောက်ပြန်ဖြစ်မှု့လို့တွေးတယ်ကွာ) 😀
နတ်သမီးတော့အဲ့လိုလေးဖြည့်တွေးသွားးတယ်

commentinfo By: နတ်သမီး at Aug 14, 2011
Comment #11

အားပေးသွားပါ၏။

commentinfo By: ထူးဝေ at Aug 14, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment