Professional Authors

အချစ်က မှားသတဲ့ 

ချစ်သူ

မဖြစ်နိုင်တာကို

ငါသိပါတယ်

မချစ်သင့် မှန်းလည်း

သိနေလျက်က

သိပ်ချစ်မိသွားတာပါ….။

 

မှားနေတဲ့ 

ငါ့နှလုံးသားကို

ဘယ်သူတွေ

ဘယ်လို ဟားကြစမ်းပါစေ

နင်တစ်ယောက်တော့ 

တန်ဖိုးထားပေးပါ…..။

 

နင်ဟာ ငါ့ ရဲ့

နံရိုးတစ်ချောင်းမဟုတ်ခဲ့ တောင်မှ

ငါသိပ်ချစ်တာတော့ 

မျက်စေ့ မှိတ်ယုံလိုက်ပါ……။

 

ငါ့ ထက်ချစ်တတ်သူတောင်

နင့် ကို ငါ့ လို့ 

မချစ်နိုင်တာ ယုံ….။

 

ပုံအောထားတဲ့ ငါ့ အချစ်တွေ

နင်ယုံစားစေမဲ့ စကားလုံး

ရှာဖွေကာ မသုံးနိုင်သေးတော့ 

ငါ့ ရင်ထဲသာ နင်ကိုယ်တိုင် ၀င်ကြည့် သွားပါ…

 

ထားသွားမှာကို သိနေလျက်

တားပိုင်ခွင့် မရှိတဲ့ ငါ

ချစ်ခွင့် ရတဲ့ အခိုက်အတန့် ကိုပဲ

ရပ်တန့် ထားနိုင်ဖို့ 

ရူးမိုက်စွာ ကြိုစားနေတာ

နင်မြင်မှာပါ……။

In: ကဗျာ Posted By: Date: Aug 7, 2011
Comment #1

wow,,,,
nice.
u r faithful n kind-hearted so much that u’ll have what u want to be.
i believe.

commentinfo By: ei lay at Aug 7, 2011
Comment #2

လာလာဖတ်သွားပါတယ်။
ုအားပေးနေတယ်။
သိပ်ကောင်းတဲ့ ကဗျာလေးပါ။
တစ်ပုဒ်လုံးကောင်းတယ်။

commentinfo By: gadounlay at Jan 6, 2012
Comment #3

so much good that read & feel again.

commentinfo By: ei lay at Jan 6, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment