Professional Authors

ငါရဲ့ချစ်ခြင်း

နှလုံးသားတစ်ထောင့်ဆီကချစ်ခြင်းတွေ
ထာဝရတည်ရှိနေစေဖို့
တစ်ဖက်သတ်ချစ်ခြင်းတွေနဲ့
နင့်သဘောထား………..
ငါ့သဘောထား……….
အမြဲထပ်တူညီနေစေဖို့
နင်မျက်နှာပေါ်ကအပြုံတွေ
အမြဲတည်ရှိနေစေဖို့
ငါကြိုးစားနေမိခဲ့
ငါရဲ့သည်းခံခြင်း………….
ငါရဲ့အနစ်နာခံမှု………………
နင်အပေါ်ပျော်ရွှင်မှုတွေပေးနိုင်စေခဲ့တယ်ဆို
ငါရင်ဘတ်ထဲကအသည်းနှလုံး
ထုတ်ပေးဖို့
အသင့်ရှိနေသူပါ
ဘယ်နေရာမှာဘာတွေပဲ
ဖြစ်ခဲ့ဖြစ်ခဲ့
ငါ့မျက်စိအောက်
ငါ့ရှေ့ကိုရောက်ရင်
ငါ့ကိုပြုံးပြရုံနဲ့
ငါ့ချစ်ခြင်းတွေပြီးပြည့်စုံနေခဲ့တာပါ……။

In: ကဗျာ Posted By: Date: Aug 6, 2011
Comment #1

100% agree with u.

commentinfo By: ei lay at Aug 6, 2011
Comment #2

အားပေးပါတယ်…။

commentinfo By: SoFarAwayFromU at Aug 6, 2011
Comment #3

ကျွန်တော့ ကဗျာ titleနဲ့ ရဲ့ တစ်လုံးဘဲ ကွာပေမယ့် ကျွန်တော့ကဗျာထက် ပိုဖတ်လို့ကောင်းတယ်ဗျာ ။

commentinfo By: X - ray at Aug 6, 2011
Comment #4

ခံစားချက်ပါတဲ့ကဗျာတိုင်းက သူဟာနဲ့ သူ အရသာ ရှိပါတယ်

Leave Comments

Name*

Email*
Website
Email me whenever there is new comment