Professional Authors

သူငယ်ချင်း

ပြိုလဲတာ  ရှက်စရာမဟုတ်ဘူးသူငယ်ချင်း
မင်းပြိုလဲတာ  အခြေမခိုင်လို့မှမဟုတ်တာ
ရာသီဥတု  အရမ်းဆိုးသွားလို့ပါ
အထပ်မြင့်ချင်တာနဲ့
အခြေခိုင်ဖို့မေ့ပြီး  ပြိုလဲကျတာကမှ  ရှက်စရာ…
ပြို.လဲ.ရင်.မြန်.မြန်.ပြန်.ထူ.နိုင်.အောင်.ကြိုး.စား.ဖို့.သာ.အ.ဓိ.က  သူငယ်ချင်း ။

လူကြားထဲ
မှောက်ယက်လဲတာ  ရှက်စရာမဟုတ်ဘူးသူငယ်ချင်း
လက်ကမ်းမပေးဘဲ  ချောင်ပိတ်ရီနေသူတွေသာ  ရှက်ဖို့ကောင်းတာ…
လဲ.ရင်.လဲ.တဲ့.နေ.ရာ.မှာ.ကြာ.ကြာ.မ.နေ.ဘဲ.မြန်.မြန်.ပြန်.ထ.နိုင်.ဖို့.သာ.အ.ဓိ.က  သူငယ်ချင်း ။

မင်းသူ့ကြောင့်  ကွဲနေတာ
ရှက်စရာမဟုတ်ဘူး  သူငယ်ချင်း
မင်းရင်ကိုပက်ပက်စက်စက်ခွဲသွားတဲ့  သူ ကမှရှက်ဖို့ကောင်းတာ…
ကွဲ.တာ.ကို.ကွဲ.မှန်း.သိ.ပြီး.မင်း.ကိုယ်.မင်း.ပြန်.ဆက်.နိုင်.ဖို့.သာ.အ.ဓိ.က  သူငယ်ချင်း ။

မင်းရင်ထဲမှာ  နင့်…နေ…ပြီ
ငါသိတယ်
မင်းတန်ဖိုးထားရသူနှစ်ယောက်
တစ်ပြိုင်နက်မဟုတ်ပေမယ့်  ရှေ့ ဆင့် နောက် ဆင့်
မင်းရင်ခွင်ကို  နှုတ်ဆက်သွားတယ်
မင်းဘေးက  အမြဲပြည့်နေတဲ့နေရာလေးနှစ်ခု
အခုတော့  လစ်…ဟာ…သွား…ပြီ
ရင်ကို  ဓားနဲ့ မွှန်းတာထက်ခံရခက်မှန်း
ငါနားလည်တယ်
ဒါ ပေ မယ့် သူ ငယ် ချင်း…….
မိုး ရွာ ကြီး ထဲ ကျွတ် တွယ် ခံ ပြီး စံ ပယ် ပန်း လိုက် ရောင်း တဲ့ သူ မင်း..မြင်..ဖူး..လား
ည သန်း ခေါင် ယံ ထိ အ ဝတ် လိုက် လျှော် ရ တဲ့ သူ မင်း..မြင်..ဖူး..လား
ဖိ နပ် မ ပါ ဘဲ ပု လင်း ခွံ တွေ လိုက် စု နေ တဲ့ သူ မင်း..မြင်..ဖူး..လား
မ နက် ဖြန် စား စ ရာ မ ရှိ လို့ တစ် ည လုံး မျက် ရည် တွေ နဲ့ မိုး လင်း ရ တဲ့ သူ မင်း..မြင်..ဖူး..လား
ငါတို့ နာကျင်တယ်ဆိုတာ
သူတို့နဲ့ ယှဉ်ရင်
ဆူးစူးသလောက်လေးပါ ။

စုတ် ချက် ပြင်း တဲ့  ပန်း ချီ ကား
ကြည့် ရ တာ  အ သက် ဝင် တယ်…
နာ နာ ရိုက် တဲ့ အိုး  ကြာ ကြာ ခံ တယ်
ငါတို့ရခဲ့တဲ့  ဒဏ်ရာတွေ
ဘယ်ဆေးနဲ့မှ  ကုမရတော့ပေမယ့်
ငါတို့တစ်နေ့  အောင်မြင်ဖို့
အညှိုးအတေးကင်းတဲ့  သင်ခန်းစာတစ်ခုလို့
သိထားကြမယ် ။

ဟော ဟိုမှာကြည့်စမ်း အ…လင်းရောင်…တွေ
မြင်လိုက်စမ်းပါ  သူငယ်ချင်းရာ…..
မင်းသာစိတ်ရှိရင်
အလင်းရောင်ဆိုတာ  လက်တစ်ကမ်းမှာပါ  ။

မင်း ဘယ် အ ခြေ အ နေ ရောက် ရောက်…
မင်းဟာ ငါ့သူငယ်ချင်း
ငါဟာ  မင်းသူငယ်ချင်း
ဒါဟာ  အလျော်အစားမရှိတဲ့  အမှန်တရား ။

4.8.2011.
11:00 PM
( ဒီကဗျာလေးသည် သူငယ်ချင်းတစ်ယောက် ခံစားခဲ့ရသည့် နာကျင်မှုများကို ပြေပျောက်စေလိုသော ရည်ရွယ်ချက်တစ်ခုတည်းဖြင့်သာ ရေးထားခြင်းဖြစ်သည်။  ဒီကဗျာမှ အကြောင်းအရာများသည် လုပ်ဇာတ်များမဟုတ်ပါ။ )

In: ကဗျာ Posted By: Date: Aug 6, 2011
Comment #1

ဝင်ရောက်ခံစားသွားသည်

Comment #2

ဟော ဟိုမှာကြည့်စမ်း အ…လင်း…ရောင်…တွေ
မြင်လိုက်စမ်းပါ သူငယ်ချင်းရာ…..
မင်းသာစိတ်ရှိရင်
အလင်းရောင်ဆိုတာ လက်တစ်ကမ်းမှာပါ ။

မင်း ဘယ် အ ခြေ အ နေ ရောက် ရောက်…
မင်းဟာ ငါ့သူငယ်ချင်း
ငါဟာ မင်းသူငယ်ချင်း
ဒါဟာ အလျော်အစားမရှိတဲ့ အမှန်တရား ။
ခံစားအားပေးသွားသည်

commentinfo By: အသဲကွဲမိုး at Aug 6, 2011
Comment #3

ဟော ဟိုမှာကြည့်စမ်း အ…လင်း…ရောင်…တွေ
မြင်လိုက်စမ်းပါ သူငယ်ချင်းရာ…..
မင်းသာစိတ်ရှိရင်
အလင်းရောင်ဆိုတာ လက်တစ်ကမ်းမှာပါ ။
အဲ့အပိုဒ်လေးကို အရမ်းကြိုက်ပါတယ်။
ဒီထက်ပိုပြီး အောင်မြင်မှုရပါစေနော်။
အားပေးနေတယ်။

commentinfo By: htoo95 at Aug 6, 2011
Comment #4

အားပေးသွားတဲ့ လုလင်ငယ်သွေး ၊ အသဲကွဲမိုး ၊ htoo95 senior များအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ် ။

commentinfo By: X - ray at Aug 6, 2011
Comment #5

စိတ်ဓါတ်တွေကျလို့ ဟိုး…..အောက်ဆုံးကိုရောက်လုခါနီးမှာ ဒီကဗျာလေးဖတ်လိုက်ရတာ…တိုက်ဆိုင်လွန်းနေတော့..ရည်ရွယ်တဲ့သူတော့မသိဘူး…
တို့ တော့ တကယ်အားရှိသွားတယ်သူငယ်ချင်း။ မင်းလို မရေးတတ်ပေမဲ့ မင်းစိတ်နဲ့ ထပ်တူ
အားပေးနေတဲ့သူငယ်ချင်းတစ်ယောက်တို့ မှာရှိနေလို့ပါ။

commentinfo By: Ma Khaing at Nov 6, 2012
Comment #6

ပြိုလဲတာ ရှက်စရာမဟုတ်ဘူးသူငယ်ချင်း
မင်းပြိုလဲတာ အခြေမခိုင်လို့မှမဟုတ်တာ
ရာသီဥတု အရမ်းဆိုးသွားလို့ပါ
အထပ်မြင့်ချင်တာနဲ့
အခြေခိုင်ဖို့မေ့ပြီး ပြိုလဲကျတာကမှ ရှက်စရာ…
ပြို.လဲ.ရင်.မြန်.မြန်.ပြန်.ထူ.နိုင်.အောင်.ကြိုး.စား.ဖို့.သာ.အ.ဓိ.က သူငယ်ချင်း ။

commentinfo By: May Kha at Nov 6, 2012
Comment #7

ပြိုလဲတာ ရှက်စရာမဟုတ်ဘူးသူငယ်ချင်း
မင်းပြိုလဲတာ အခြေမခိုင်လို့မှမဟုတ်တာ
ရာသီဥတု အရမ်းဆိုးသွားလို့ပါ
အထပ်မြင့်ချင်တာနဲ့
အခြေခိုင်ဖို့မေ့ပြီး ပြိုလဲကျတာကမှ ရှက်စရာ…
ပြို.လဲ.ရင်.မြန်.မြန်.ပြန်.ထူ.နိုင်.အောင်.ကြိုး.စား.ဖို့.သာ.အ.ဓိ.က သူငယ်ချင်း ။
စာသားတွေက တကယ်မိုက်တယ်— အားတက်စေတယ်

commentinfo By: mayviolet at Nov 6, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment