Professional Authors

နင်ဟာ ငါ့ရဲ့  အနူးညံ့ဆုံး အိပ်မက်ကလေး ဖြစ်တယ်

အရာ အားလုံး ကို မသိ သေး ပေ မဲ့ 
ခု . . . တ ချို့  တ ၀က် လောက် တော့
ရင်ဘတ် တစ်ခြမ်း နဲ့ နားလည်တတ်နေပြီ . . .
နင့် ရယ်သံ ဟာ ငါ့  ကမ္ဘာ ကို ခြောက်ကပ် လိုက်တယ်
တကယ် ပါ . . . . စိုးစဉ်းမျှ  မမှန်းနိုင်လောက် တဲ့
စွဲဆောင် မှု တွေ နဲ့ . . . ပဲ . . . .
အဲဒီနေ့ ကစ . . . နင် ငါ့ နှလုံးသားကို ခိုးယူသွားတယ်  . . . . .

နင် က  ရွှေစင် ရုပ်လေးလို ပဲ . . .
သမင် မျက်လုံး နဲ့ ခိုင်းနှိုင်းရင်တောင် ငါ ရိုင်းလိမ့်မယ်  . . .
နင် က မသိ  ပေမဲ့ .. . ငါက ကြည့်ကြည့်မိ တယ် . . .
နင် က  မညို့  ပေ မဲ့ . . . ငါ က သား ကောင် ဖြစ်ဖြစ်သွားတယ် . . .
ဆစ်ခနဲ . . . ပဲ . . . နှ လုံး သား ကို ဆူး တစ် ချောင်း စူး သွား တယ်  . . .
“ အချစ် တဲ့ ”   . . .

အနက် ရောင် သက်ပြင်းတွေ အောက်မှာ . .
ငါ့ စိတ်တွေ ငါး ပါး ကို မှောက် ရော    . . .
နင် ဘယ် မှာ လဲ . . . . “ ငါ လွမ်း တယ် ”
စိုး ရိမ် စိတ် တွေ နဲ့   ငါ့ စိတ် ထဲ မှာ ပြန် ရှာ  . . .
ချောင် တစ် ချောင် မှာ ငို နေတဲ့ ငါ့ ကိုယ် ငါ ပဲ ပြန်တွေ့ တယ် . . .   
ငါ့ ကို ငါ က ပြော တယ် . . . .          မင်း က “ အချစ် ကင်ဆာ ” ဖြစ် နေတာ တဲ့  . . . . .

ဖြူလွလွ တိမ် တောင် တွေ ငို တဲ့ နေ့  က  . . .
ငါ လဲ အပြိုင် လိုက် ငို ခဲ့ တယ် . . .
နင် မချိန် ရွယ် ပဲ ပစ် လိုက် တဲ့ မြှား
စူးစိုက် ခံ လိုက် ရ တာ ငါ တဲ့ . . .
ကံကြမ္မာ ကိုက  အထား အသို မှား ခဲ့ တာ . . .
နင့် ကို ချစ် မိ ခဲ့ လေ ခြင်း . . . .
နောင် တ  မ ပါ ဘူး
တပ် မက် မှု မပါ ဘူး . . .
တကယ် ဆို ငါ က နင့်အတွက် ဆူးထွင်းပေးမဲ့ အပ် လေး သက် သက် ပါ . . . .

အချစ် က  ဖွင့်ဆိုလို့  မရ တဲ့ ခက် ဆစ် လေး တဲ့
ငါ့ ကို ကဗျာ ဆရာ တစ် ယောက် ပြော ဖူး တယ်
သူ ဘာ ကို ဆိုလို လဲ  ငါ မသိ ပေ မဲ့ . .
နင်  က ငါ့ အတွက်  “ အိပ် မက် ခက် ဆစ် ” 
ဝေဒနာ တွေ ဒဏ် ရာ တွေ မရှိ ပေ မဲ့ . .
နင့် ကို ချစ် စေ တဲ့ စိတ် ဟာ
ငါ့ ကို . . . ဟိုး . . . . အနက်ရှိုင်းဆုံး ထိ ရူး စေ တယ်  . . .

ဧဒင်ဥယျာဉ် အကြောင်းကိုတော့ ငါ မသိ ဘူး . . .
ဒါပေမဲ့ . . နင် က ငါ့ အတွက် အဦးဆုံး ပွင့်ခဲ့တဲ့
ဧဒင် သစ် က ပန်း  တစ် ပွင့် . . .
ငါ က နင့် အတွက် အဦးဆုံး ဖြစ်ချင်ခဲ့တဲ့
ဧဒင်သစ် က ဥယျာဉ် မှူး  . . .
ပိုင်ဆိုင်ရမှ မဟုတ်ဘူး . . .
နင့် အတွက် အလှဆုံး ဖြစ် စေ ချင် ရုံသက်သက်     
ကဲ . . . ငါ့ ရွှေစင်ရုပ် . . .
ငါ အိပ်မက်တွေ နဲ့ နှစ်ပါးသွားနေရတာ . .
ခု . . . ငါ့ကမ္ဘာမှာ မိုး မလင်းတော့ ဘူး . . . . .

နိုးတစ်ဝက် အိပ်တစ်ဝက်  အတွေးစက်တွေနဲ့ 
အမှောင်တွေ က နေတဲ့ ငါ့ အခန်း ငယ် ထဲမှာ . . .ငါ က . . . .
ကဗျာ ရေးလိုက် . . .
ဂစ်တာ တီး လိုက် နဲ့   .
အရင် က လို ကော်ဖီ ခါးခါး ကို မနှစ်သက် တတ်တော့ဘူး . .
နင့် အကြောင်းတွေးနေရုံ နင့်အကြောင်းရေးနေရုံ နဲ့ 
ငါ့ စိတ်တွေ လူ ရာ ၀င် ခဲ့ ပြီ . . .

ကလောင်တစ်ချောင်း နဲ့  ငါ့ကိုယ်ငါ psycho သွင်းလိုက်တဲ့ နေ့ က
ငါ့ ကမ္ဘာ က လင်း လိုက် မှောင် လိုက် နဲ့ 
စကားလုံး တွေ မရှိတဲ့ ကောင်းကင် မှာ . .
ကဗျာ ရေး ဖို့  အတွေး တစ်ချို့  လိုက် ရှာ ခဲ့ တယ်
အလည်လွန် လေညှင်းက နင့်အကြောင်း
ခပ်ပါးပါး သတင်း လွှင့် တယ် . . .
ရူးပြီ . . . ရွှေစင် . . .
ငါ့ သွေးခုန်နှုန်းက  သာ မာန် အခြေအနေ ထက် မြင့်တက်လာတယ်
သေချာတယ် . . . ငါ့ရင်ထဲက အလံဖြူ က . .
နင့် ဆီ မှာ စိုက် ထူ ရ လိမ့် မယ်  . . . .

“အသိ အမှတ် ပြု ခြင်း က
လျှို့  ၀ှက် တတ် သူ အတွက် နေရာ မရှိ ဘူး ” တဲ့ 
ငါ ဖုံး ကွယ် ထား ခဲ့ တာ မဟုတ် ပါဘူး
နင့် ကို ချစ် တယ် လို့ ပြော ဖို့   . .
ငါ မြတ် နိုး လွန်း လို့ ပြော မထွက် ခဲ့ တာ . . . .
ဒါ တွေ ကို . . . ငါ အိပ် မပျော် တိုင်း . .
ရင် ဖွင့် တတ် တဲ့ ငါ့  ကဗျာ စာ အုပ် လေး သိ တယ် . . .

ခွင့်ပြုပါ . . . ရွှေစင် . . .
ငါ အခု က စ လို့  . . .
နင့် အတွက် နဲ့ ပဲ . . .  ငါ့ အိပ် မက် တွေ ရွက် လွှင့် တော့ မယ် . . . .

( လ မင်း ဇော် )
[email protected]

In: ကဗျာ Posted By: Date: Aug 6, 2011
Comment #1

အရေးအသား ကောင်းတယ်ဗျာ ဘယ်အပိုဒ်ရှာပြီး ကောင်းတယ်ပြောရမှန်းတောင်မသိတော့ဘူး။ မသိပေမယ့် အားပေးသွားပါတယ် ။

commentinfo By: X - ray at Aug 6, 2011
Comment #2

ရူးပြီ . . . ရွှေစင် . . .
ငါ့ သွေးခုန်နှုန်းက သာ မာန် အခြေအနေ ထက် မြင့်တက်လာတယ်
သေချာတယ် . . . ငါ့ရင်ထဲက အလံဖြူ က . .
နင့် ဆီ မှာ စိုက် ထူ ရ လိမ့် မယ် . . . .

commentinfo By: MyoZin at Aug 6, 2011
Comment #3

ကောင်းတယ်ဗျို့ 

Comment #4

တပုဒ်လုံး…ကောင်းချက်ဗျာ……အားပေးလျှက်

commentinfo By: အသဲကွဲမိုး at Aug 6, 2011
Comment #5

ခပ်ဖွဖွ အိပ်မက်လေးရယ်……

commentinfo By: moehtetaung18 at Aug 6, 2011
Comment #6

အိပ်မက်တွေကူးစက်ခံလိုက်ရပြီ….
အရမ်းကြိုက်တယ်ဗျာ……….
အားပေးလျှက်……………………။

commentinfo By: terry at Aug 6, 2011
Comment #7

excellent.
i like so so much,
i like so so much,

commentinfo By: ei lay at Aug 6, 2011
Comment #8

အားပေးသွားတဲ့ ညီအစ်ကို မောင်နှမ အားလုံးကို ကျေးဇူးတင်ပါတယ် ဗျာ

commentinfo By: လမင်းဇော် at Aug 6, 2011
Comment #9

အားပေးသွားတဲ့ ညီအစ်ကို မောင်နှမ အားလုံးကို ကျေးဇူးတင်ပါတယ် ဗျာ

commentinfo By: လမင်းဇော် at Aug 6, 2011
Comment #10

အားပေးသွားတဲ့ ညီအစ်ကို မောင်နှမ အားလုံးကို ကျေးဇူးတင်ပါတယ် ဗျာ

commentinfo By: လမင်းဇော် at Aug 6, 2011
Comment #11

အားပေးသွားပါသည်

Comment #12

i like so much that read again.

commentinfo By: ei lay at Aug 21, 2011
Comment #13

i don’t know myself how many times i read this excellent poem.

commentinfo By: ei lay at Feb 9, 2012
Comment #14

Nin har ngar a twat ma Shi ma phyit so Dar po po ti lar de.

commentinfo By: ei lay at Jun 22, 2012
Comment #15

^_^
^_^

commentinfo By: ei lay at Jan 1, 2013
Comment #16

သိပ်ကောင်းတယ်ဗျာ

commentinfo By: ကိုထူး at May 23, 2013
Comment #17

Share မယ်ဗျာာာာာ ။

commentinfo By: zawthetoo at May 23, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment