Professional Authors

ကျွန်တော် မသိပဲ မိုးတွေရွာသွားတယ် … မကြည်ဖြူ (ဇာတိ (အန္တိမ))

“ ကျွန်တော် မသိပဲ မိုးတွေရွာသွားတယ် … မကြည်ဖြူ ”

အသံနဲ့လဲ ရောက်ရပါစေ ….

အလင်းနဲ့လဲ ရောက်ရပါစေ …. မကြည်ဖြူ …. ၊၊ ၊၊

အဖြူရောင်နဲ့ သီးတဲ့ စတော်ဘယ်ရီသီးလေးထဲမှာ

မကြည်ဖြူကို ကျွန်တော်တွေ့တယ် ၊

အဖြူရောင်နဲ့ တီးတဲ့ စန္ဒရားခလုတ်တွေထဲမှာ မကြည်ဖြူ အသံကို ကျွန်တော်ကြားတယ် ၊

ပြီးတော့ ….

ကမ္ဘာပေါ်မှာ တခြားကမ္ဘာတစ်ခုကို ကျွန်တော် ရှာဖွေတွေ့ရှိတယ် ၊၊

ကျွန်တော် ဘယ်သူနဲ့မှ မတိုင်ပင်ပဲ ရူးသွားမိတယ် ထင်တယ်

မကြည်ဖြူ ကို မွေးတဲ့နေ့လေးဟာ ကမ္ဘာကြီး စတင်ဖြစ်ပေါ်ရာနေ့လို့ စာအုပ်တွေထဲမှာ အကျယ်ကြီး ချရေးဖြစ်ခဲ့တယ် ၊၊ အရောင်တွေကို အသံနဲ့ကြားရပြီး ၊

အသံတွေကို အရောင်နဲ့ မြင်ခဲ့ရ …

မကြည်ဖြူ သည် ကျွန်တော် စိတ်ဖြင့် စိုက်သော သစ်ပင်အဖြူလေးဖြစ် ….

မကြည်ဖြူ သည် ကျွန်တော် စိတ်ဖြင့်ကူးသော ဝတ်မှုန်နှင့်လှိုင်း ဖွေးဖွေးလေးဖြစ် ….

မကြည်ဖြူ သည် အဖြူသက်သက်သာရှိသော ကမ္ဘာငယ်လေးဖြစ် ….

မကြည်ဖြူ သည် ကျွန်တော် ညွှန်ပြလိုသော အဖြူရောင် အရပ်မျက်နှာလေး … ဖြစ်သည် ၊၊

“မကြည်ဖြူ ကို သိပ်ချစ်တာပဲ” လို့ ကိုယ့်ကိုကိုယ် ရေရွတ်မိသောနေ့က ကိုယ့်ကိုကိုယ် စိတ်ဆိုးမိခဲ့သည် ၊

ဘာ သား နဲ့ လုပ် ထား တဲ့ လူ ကောင် လေး မို့ လို့ လဲ အ ချစ် ရေ . . . . .

မ နာ လို ပါ ဘူး ကွယ် ၊၊

မကြည်ဖြူ က ကျွန်တော့် နာမည်လေး သိသွားတဲ့နေ့မှာ

“အလင်း နဲ့ အမှောင်ဟာလည်း ချစ်သူတွေ ဖြစ်သွားနိုင်တဲ့အကြောင်း” ကျွန်တော် နဲ့ အရာအားလုံး နဲ့ ငြင်းတယ် ၊၊

ကျွန်တော်ဟာ မကြည်ဖြူ သိအောင် စိတ်ထင်သာပြရဲသော

မကြည်ဖြူ သိအောင် ကိုယ်ထင်မပြရဲသော ကဗျာစောင့်နတ်သား ပါ မကြည်ဖြူ ရယ် ၊၊

မကြည်ဖြူ ကို နိုဝင်ဘာ နဲ့ တိမ်ဖြူဖြူတွေပေါင်းပြီး စိတ်နဲ့တောင် ဝေးတဲ့နေရာကို ခေါ်သွားကြတော့မယ် .. တဲ့

ကျွန်တော် နဲ့ အရာအားလုံးပေါင်းပြီး ဆွံ့ – အ – ကြောင် – ကန်း

ကျွန်တော်တို့ တစ်နေရာတည်းမှာ အကျယ်ကြီး ဝေးတယ် မ ကြည် ဖြူ ။ ၊၊

မကြည်ဖြူ ရှိနေတော့မယ့် ကမ္ဘာ ဟိုဘက်အခြမ်းလေးဟာ ပို လှ သွား တော့ မယ် ထင် တယ် …. . . . . . . . . . . . . . . . . . . . . . . “လေယာဉ်ပျံကြီးနဲ့မှ မဟုတ်ပါဘူး ….

ပျံလွှားငှက်ကလေးနဲ့လည်း လိုက် ခဲ့ မယ် .. ၊၊ ၊၊

” ……………………………….. ခုတော့ …

လက်ထဲက စက္ကူလေယာဉ်ပျံလေး လွှတ်လိုက်ရတာတောင် နာ နာ ကျင် ကျင် နဲ့ ကျွန် တော် …. နိုဝင်ဘာလ နဲ့ လေယာဉ်ကွင်းဆီကို မ သွား ရဲ ဘူး .. ၊၊ ၊၊

ဘာ ပဲ ဖြစ် ဖြစ် မကြည်ဖြူ ရယ် …

မကြည်ဖြူ ဟာ ကျွန်တော် နဲ့ တစ်ထပ်တည်း ကျမယ့်နေ့

ကျွန်တော်က မကြည်ဖြူကို နံရိုးတစ်ချောင်းပေးပြီး

မကြည်ဖြူ က ကျွန်တော့်ကို နှင်းဆီဖြူဖြူလေး ပြန်ပေးမယ့်တစ်နေ့ … …….

အဲ့ဒီ နှင်းဆီဖြူဖြူလေးအား

ကျွန်တော် ၏ ရင်ဘတ်တွင် စိုက်ပျိုးပြီး မ ကြည် ဖြူ အား ဖြူမွှေးစေချင်ပါသည်

……. ပြီး …

မကြည်ဖြူ ၏ လက်ဖဝါးတွင် ကဗျာတစ်ပုဒ်ရေးပေးချင်သည်

“ စာသံပေသံတော့ မပါဘူးကွယ် ငါ့ ရဲ့ စ က္ကူ ဖြူ ဖြူ လေး ရေ မြတ် နိုး ခြင်း အ ထပ် ထပ် နဲ့ ထာ ဝ ရ အ ဆက် ဆက် ချစ် တယ် ” ဤ မှန်သော သစ္စာ ကဗျာ ကြောင့်

ချစ် ရ ပါ သော မကြည်ဖြူ ရေ ….

အသံနဲ့လဲ ကြားပါစေ

အလင်းနဲ့လဲ မြင်ပါစေ မကြည်ဖြူ ရယ် ..၊၊ ၊၊

 

ဇာတိ (အန္တိမ)

In: ကဗျာ,Others Posted By: Date: Aug 5, 2011
Comment #1

oh,,,,,,,,,,
sound great.

commentinfo By: ei lay at Aug 6, 2011
Comment #2

ခြွင်းချက်မရှိတဲ့ ကဗျာကောင်းတစ်ပုဒ်ပါဘဲ ။

commentinfo By: X - ray at Aug 6, 2011
Comment #3

ခုလိုတင်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်
နောက်လဲ ထပ်တင်ပေးစေချင်ပါတယ်ဗျာ။

commentinfo By: ဖိုးစည် at Aug 28, 2011
Comment #4

ကောင်းတယ်ဗျာ အားရတယ်

Comment #5

နှစ်သက်မိပါတယ်……

commentinfo By: May Kha at Nov 3, 2011
Comment #6

ကောင်းတယ်ဗျာ ..စာထဲကပါတဲ့ မကြည်ဖြူကတော်တော်ဆိုးတာပဲနော်…..

ဟုတ်တယ်မလား…..ဒီမှာကွိုင်တက်ရှော့ရိုက်ဖြစ်နေပြီလေ ..

အဲ့သည့်မကြည်ဖြူလာကြည့်ဖို့ ကောင်းတယ်..နော်…

ကဗျာက ချစ်စရာကောင်းတယ်……

commentinfo By: Arker at Nov 3, 2011
Comment #7

အရမ်းနှစ်သက်မိပါတယ်….ဆရာ မောင်သိန်းဇော်

commentinfo By: nay win htoon at Nov 3, 2011
Comment #8

a tan ne le kyar par say.
a lin ne le myin par say chit thu ye,

commentinfo By: ei lay at Nov 3, 2011
Comment #9

ကျွန်တော် ဘယ်သူနဲ့မှ မတိုင်ပင်ပဲ
ရူးသွားမိတယ် ထင်တယ်
မကြည်ဖြူ ကို မွေးတဲ့နေ့လေးဟာ
ကမ္ဘာကြီး စတင်ဖြစ်ပေါ်ရာနေ့လို့
စာအုပ်တွေထဲမှာ
အကျယ်ကြီး ချရေးဖြစ်ခဲ့တယ် ၊၊

commentinfo By: အသဲကွဲမိုး at Feb 17, 2012
Comment #10

ကျွန်တော်တို့ကအဖြူရောင်ကိုကန်းတယ် အစ်ကို

commentinfo By: moebwe152 at Oct 14, 2012
Comment #11

ဒီကဗျာက ဆရာမောင်သိန်းဇော် ရေးတဲ့ကဗျာမဟုတ်ပါဘူး။ လူငယ်ကဗျာဆရာ ဇာတိ ရေးတဲ့ ကဗျာပါ။
“မောင်သိန်းဇော် – ဂျွန်ကပြောတယ် အားလုံးမြစ်ဆီသို့ … ”” <<< ဒါက ဆရာမောင်သိန်းဇော်ရဲ့ ကဗျာတစ်ပိုဒ်ကို ယူသုံးထားတယ်ဆိုတာကို ညွှန်းထားတာပါ။ ကဗျာတစ်ပုဒ်ကို ဘယ်သူရေးတယ်ဆိုတာ သေချာသိသင့်တယ် ထင်ပါတယ်။ ရမ်းပြီး မတင်သင့်ပါဘူး။ မကောင်တဲ့ ကဗျာတစ်ပုဒ်ဆို ဆရာမောင်သိန်းဇော် အတွက် မကောင်းသလို။ ကဗျာကောင်းတစ်ပုဒ်ဆိုရင်လည်း လူငယ်ကဗျာဆရာ ဇာတိ အတွက် မကောင်းပါဘူး

Comment #12

မကြည်ဖြူ က ကျွန်တော့်ကို
နှင်းဆီဖြူဖြူလေး ပြန်ပေးမယ့်တစ်နေ့ …

commentinfo By: bÄb¥``šÜ at Feb 12, 2013
Comment #13

လက်ဖ ဝါးတွင်ကဗျာတစ်ပုဒ်ရေးပေးချင်သည် “စာသံပေသံတော့ မ ပါဘူးကွယ် ငါ့ ရဲ့ စ က္ကူ ဖြူ ဖြူ လေးရေ မြ တ် နိုးခြ င်း အ ထပ်ထပ်နဲ့ ထာဝ ရ အဆက်ဆက်ချစ်တ ယ်”

commentinfo By: အရိပ် at Feb 12, 2013
Comment #14

Like
Like
like

commentinfo By: Deborah at Mar 8, 2013
Comment #15

“ ကျွန်တော် မသိပဲ မိုးတွေရွာသွားတယ် … မကြည်ဖြူ ”
အသံနဲ့လဲ ရောက်ရပါစေ ….
အလင်းနဲ့လဲ ရောက်ရပါစေ ….
။ ။ ။ ။ ။
အသံနဲ့လဲ ကြားပါစေ
အလင်းနဲ့လဲ မြင်ပါစေ
မကြည်ဖြူ ရယ် ..၊၊ ၊၊

commentinfo By: နွေ at Jun 26, 2013
Comment #16

^_^
^_^
^_^

commentinfo By: ei lay at Jul 24, 2013
Comment #17

ဒီကဗျာက ကိုဇာတိရဲ့ကဗျာပါ ခင်ဗျာ။ဆရာမောင်သိန်းဇော်ကဗျာမဟုတ်တဲ့ အတွက် ပြင်ပေးကြပါ အက်ဒမင်များခင်ဗျာ။အမှတ်မှားသွားနိုင်ပါတယ် ။

commentinfo By: မင်းဘုန်းနိုင် at Dec 25, 2013
Comment #18

ဟုတ်တယ်.. အဲ့ကဗျာက ကဗျာဆရာမောင်သိန်းဇော် ကဗျာမဟုတ်ပါဘူး.. အဲ့ဒါအခုမှသိတာ.. တကယ်ကို စိတ်မကောင်းပါဘူး.. comment တွေကိုလည်းအခုမှ သေချာဝင်ဖတ်မိလို့သိပြီး တခြားသူတွေကို လိုက်မေးပြီးမှ မဟုတ်မှန်း သိတာ.. တကယ်ကို စိတ်မကောင်းပါဘူး ): အခုပြင်လိုက်ပါပြီ.. အပေါ်က comment ရေးတဲ့သူထဲမှာ ကဗျာပိုင်ရှင် ဇာတိ (အန္တိမ) သိတဲ့သူရှိရင် တောင်းပန်ကြောင်း ပြောပေးပါ..

commentinfo By: ဖြိုးဖြိုး at Dec 27, 2013
Comment #19

http://zarti-antima.blogspot.com/2009/10/blog-post_17.html က ကဗျာဆရာ ဒီကဗျာတင်ထားတဲ့ မူရင်း link ပါ..

commentinfo By: Ko Zey at Jan 9, 2015
Comment #20

တကယ်​ကို ရင်​ထဲထိတဲ့ကဗျာ​လေး

commentinfo By: sharlaithwin at Jan 9, 2015
Comment #21

ကောင်းပါတယ်ဗျာ….

commentinfo By: Arker at Jan 12, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment