Professional Authors

ရိုးတံစိမ်း – နရီထက်

အရောင်တွေကို အသိအမှတ်ပြုတယ်
အလွှာတွေကိုလည်း ခံစားတတ်လွယ်တယ်
အနံ့အသက်တွေကို အာရုံမပြုဘူး
ကောင်းစားဖို့အတွက်ဆိုရင် ပခုံးတင် ထမ်းပိုးထားမယ်

ရိုးတံ ကျဲကျဲ လေနှင်ရင်တောင်
နင်တို့ မပြုတ်ကျစေရဘူး
မညည်းညူးရှာဘူး
နင်တို့ လှဖို့ဆိုရင်
ငါ ဆက်လက် ကျောပိုးထားမယ်

အရိပ်တကြည့်ကြည့်နှင့်
နင်တို့သွားရာ လိုက်ပါနေတယ်
အေးတူပူမျှ တဲ့လား
ရိုးတံစိမ်းတွေ ခြောက်သွေ့ပြီးမှ
နင်တို့ ပန်းကလေးတွေ နွမ်းစေချင်တယ် …

နင် ခေါင်းမော် ဖို့အတွက်
ငါ ခါးညွတ်နေတာ မဆန်းဘူးလေး
နင် ထင်သာ ဖို့အတွက်
ငါ ရေဆာခံ ဘ၀မှာပဲ နေပေးပါရစေ…

တစ်မျိုးတစ်ဘာသာနှင့်
အတန်းချင်း မတူရင်တောင်
ကျောင်းဆင်း တူရအောင်
ငါ ကိုင်းဆက်တတ်တယ်
နင်တို့တွေ ဝေဆာနေဖို့အတွက်ရယ်…

နင်တို့တွေ လှပဖို့အတွက်
ငါကိုယ်ငါ စိမ်းလန်းနေရတာ မဆန်းပါဘူးလေး…။     ။

နရီထက်
( ၀၅ ၊ သြဂုတ်လ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Aug 5, 2011
Comment #1

ဝင်ရောက်အားပေးသွားပါတယ် အကို

Comment #2

ဒိကဗျာက ရိုးတံလေးက ပန်းပွင့်တွေပေါ်ထားတဲ့ မေတ္တာကို ဖော်ကျုးရေးထားတာနော်။ ကောင်းတယ်…အရောင်တွေကို အသိအမှတ်ပြုတယ်
အလွှာတွေကိုလည်း ခံစားတတ်လွယ်တယ်
အနံ့အသက်တွေကို အာရုံမပြုဘူး
ကောင်းစားဖို့အတွက်ဆိုရင် ပခုံးတင် ထမ်းပိုးထားမယ်

ရိုးတံ ကျဲကျဲ လေနှင်ရင်တောင်
နင်တို့ မပြုတ်ကျစေရဘူး
မညည်းညူးရှာဘူး
နင်တို့ လှဖို့ဆိုရင်
ငါ ဆက်လက် ကျောပိုးထားမယ်

အရိပ်တကြည့်ကြည့်နှင့်
နင်တို့သွားရာ လိုက်ပါနေတယ်
အေးတူပူမျှ တဲ့လား
ရိုးတံစိမ်းတွေ ခြောက်သွေ့ပြီးမှ
နင်တို့ ပန်းကလေးတွေ နွမ်းစေချင်တယ် …

နင် ခေါင်းမော် ဖို့အတွက်
ငါ ခါးညွတ်နေတာ မဆန်းဘူးလေး
နင် ထင်သာ ဖို့အတွက်
ငါ ရေဆာခံ ဘ၀မှာပဲ နေပေးပါရစေ…

တစ်မျိုးတစ်ဘာသာနှင့်
အတန်းချင်း မတူရင်တောင်
ကျောင်းဆင်း တူရအောင်
ငါ ကိုင်းဆက်တတ်တယ်
နင်တို့တွေ ဝေဆာနေဖို့အတွက်ရယ်…

နင်တို့တွေ လှပဖို့အတွက်
ငါကိုယ်ငါ စိမ်းလန်းနေရတာ မဆန်းပါဘူးလေး…။ ။အစ အဆုံးအကုန်ကြိုက်တယ် ကိုကြိး…….း)

commentinfo By: thuya at Aug 5, 2011
Comment #3

အရိပ်တကြည့်ကြည့်နှင့်
နင်တို့သွားရာ လိုက်ပါနေတယ်
အေးတူပူမျှ တဲ့လား
ရိုးတံစိမ်းတွေ ခြောက်သွေ့ပြီးမှ
နင်တို့ ပန်းကလေးတွေ နွမ်းစေချင်တယ် …

နင် ခေါင်းမော် ဖို့အတွက်
ငါ ခါးညွတ်နေတာ မဆန်းဘူးလေး
နင် ထင်သာ ဖို့အတွက်
ငါ ရေဆာခံ ဘ၀မှာပဲ နေပေးပါရစေ…
တကယ်ကတပုဒ်လုံးကောင်းတာဗျ….

commentinfo By: အသဲကွဲမိုး at Aug 5, 2011
Comment #4

တပုဒ်လုံးကောင်းတယ်
အားပေးသွားတယ်အကိုကြီး..

commentinfo By: myintmo at Aug 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment