Professional Authors
သို့ ဗေဒါရီ
ဗေဒါရီ ရေ…
အချစ်သည် အချိန်ကို ကုန်ဆုံးစေတတ်သလို
အချိန်သည်လည်း အချစ်ကို ကုန်ဆုံးစေတတ်သည်တဲ့ …
နင်ငါကို သတိရလိုက် မေ့လိုက်နဲ့ 
ေ၀၀ါးကာ မေးမှိန်သွားမှာ …စိုးရိမ်မိတယ်..
ကျေးဇူးပြုပြီး…
မှိတ်တုတ်မှိတ်တုန် ကြယ်ကလေးရေ ..မကြွေ ပါနဲ့ လား….
ဗေဒါရီ..ရေ..
နင်နဲ့ အတူ ဆောင်းတစ်ည မှာ
အတူမီးလှုံ ကာ နင်ကို ချစ်တဲ့ အကြောင်း
နင်က ငါ့ ပုခုံးထက်မှာ မှီလို့ ပေါ့
နှင်းတွေလည်း ..လာရောက်နားထောင်ချင်သပဆို ..
နားထောင်ပါစေ…
ဗေဒါရီ..ရေ..
မိုးဖွဲ ဖွဲ ကျတဲ့ နေ့ တစ်နေ့ မှာ
ထီးမဆောင်းပဲ မိုးရေ ထဲမှာ နင်နဲ့ အတူ
လမ်းလျှောက်ချင်သေးတယ်
မိုးရေစက်တွေနဲ့ ကပိုကရို လှနေတဲ့ 
နင်မျက်နှာလေးကိုလည်း ငေးကြည့်ချင်သေးတယ်
မိုးစက်လေးတွေ ငါတို့ ချစ်ခြင်းမေတ္တာအောက်မှာ
နားခိုချင်သပဆို လာရောက်နားခိုပါစေ…
ဗေဒါရီ …ဗေဒါရီ…ဗေဒါရီ …..လို့ 
ငါ့ နှလုံးသားထဲ က တီးတိုးခေါ်သံ
နင်ကို ကြားစေချင်သေးတယ်..
အရင်ကလို ..ရှင်..လို့ နင် ပြန်ထူးသံလေးကိုလည်း
ငါကြားခွင့်ရချင်သေးတယ်
တစ်ခါလောက်နင်ကိုဖက်ပြီး..
အချစ်ဆိုတာကို နားမလည်တဲ့ လောကကြီးကို
သ၀န်တိုအောင် စ ချင်သေးတယ်….
အခုတော့ …ဗေဒါရီ..ရေ
လောက ကြီးက ငါတို့ နှစ်ယောက်ကို
In: ကဗျာ Posted By: Date: Aug 2, 2011
Comment #1
really nice poem
commentinfo By: songmoezin at Aug 3, 2011
Comment #2
nice poem.
commentinfo By: ei lay at Aug 3, 2011
Comment #3
အချစ်ဆိုတာကို နားမလည်တဲ့ လောကကြီးကို
သ၀န်တိုအောင် စ ချင်သေးတယ်….
အခုတော့ …ဗေဒါရီ..ရေ
လောက ကြီးက ငါတို့ နှစ်ယောက်ကို
ကျီးစားထားနေလေ့ရဲ့ …။……။.(
ကောင်းတယ် အရမ်းပဲ။
commentinfo By: jenny at Aug 3, 2011
Comment #4
ဗေဒါရီ..ရေ..
နင်နဲ့ အတူ ဆောင်းတစ်ည မှာ
အတူမီးလှုံ ကာ နင်ကို ချစ်တဲ့ အကြောင်း
တညလုံး စာဖွဲ့ ပြ ချင်သေးတယ်…gr8t!!
commentinfo By: ဖိုးနမ်း at Aug 4, 2011
Comment #5
တပုဒ်လုံးကြိုက်တယ်
commentinfo By: အသဲကွဲမိုး at Aug 7, 2011
Comment #6
အားလုံးကိုကျေးဇူးတင်ပါသည်
Leave Comments
Name*
Email*
Website
Email me whenever there is new comment