Professional Authors

ပြိုကျခဲ့ရတဲ့ အင်ပါယာ

ဒီနွေတည..ဖောက်ချပစ်လိုက်ရပေမယ့်
ခင်ဗျားလောက်တော့ ကာရံမညီဘူးပေါ့ဗျာ.
မျဉ်းပြိုင်နှစ်ကြောင်းမှာ ဆုံမှတ်မှမရှိတာ
ခေါက်ရိုးကျေတွေနဲ့ လျှောက်လှမ်းခဲ့တဲ့ ဒီလမ်း
စည်းချက်မကျတဲ့ လွမ်းဆွေးချက်တွေက
ခင်ဗျားအတွက် သက်ဝင်လှုပ်ရှားမှု့မှ မရှိခဲ့တာကို…

ထားခဲ့လိုက်ပါလေ…

ကျန်ရစ်သူ ငါ့အဖို့

မေ့ပြောက်လို့မရတဲ့ ဒဏ်ရာတွေနဲ့

ရင်ဘတ်ကြီးကို ကွဲပြဲလို့

အခုထိ လောကကြီးကို အမှန်အတိုင်းမမြင်နိုင်သေးခဲ့ဘူး

အချစ်ကို နဖူးတွေ့ ဒူးတွေ့ တွေ့ရှိခဲ့တဲ့ကောင်

နင်ရဲ့  အသံကြားရင် အသက်ရှုမှားနေဆဲပါဘဲ

တမ်းတခြင်းကိုမှ စုံမက် မက်မြော

ကွဲကြေမှု့တွေကို ယုယနေခဲ့လို့

ခင်ဗျားအတွက် ဆုတောင်းပေးခဲ့တာ

မနေ့တနေ့က အထိပါဘဲ..

အခုတော့…

နင့်အတွက် ငါ့အင်ပါယာ

နေဝင်သွားခဲ့ပါပြီ…။ ။

 

In: ကဗျာ Posted By: Date: Aug 2, 2011
Comment #1

ခံစားပေးသွားပါတယ်ရှင်..အရမ်းလည်ကောင်းပါတယ်..

commentinfo By: songmoezin at Aug 2, 2011
Comment #2

ကဗျာ စ , လယ် , ဆုံး အကုန်ဖတ်လို့ ကောင်းတယ်ဗျာ။ အားပေးသွားပါတယ် ။

commentinfo By: X - ray at Aug 2, 2011
Comment #3

ကျန်ရစ်သူ ငါ့အဖို့

မေ့ပြောက်လို့မရတဲ့ ဒဏ်ရာတွေနဲ့

ရင်ဘတ်ကြီးကို ကွဲပြဲလို့..။
တူတာပေါဗျာ….။

commentinfo By: ဆည်းဆာ at Aug 2, 2011
Comment #4

အားပေးလျက်ပါ ကိုဖိုးနမ်း

Comment #5

အသက်ရှူမှားအောင်ကို ချစ်ခဲ့ဖူးတယ်~ အားပေးသွားပါတယ်အစ်ကိုး)

commentinfo By: မိုးသစ်လေပြေ at Aug 2, 2011
Comment #6

သိပ်ကိုကောင်းပါတယ်

commentinfo By: HEROSMITH at Aug 2, 2011
Comment #7

အားပေးလျှက်ပါအကိုကဗျာကသိကောင်းတယ်နော်

commentinfo By: mr.key28393 at Aug 2, 2011
Comment #8

အချစ်ကို နဖူးတွေ့ ဒူးတွေ့ တွေ့ရှိခဲ့တဲ့ကောင်

နင်ရဲ့  အသံကြားရင် အသက်ရှုမှားနေဆဲပါဘဲ

ကျွန်တော်လည်းဒီလိုပဲ…ဗျ။ 😀

commentinfo By: terry at Aug 2, 2011
Comment #9

အားလုံး အားလုံးကို ကျေးဇူးဘဲဗျာ…. ချစ်တတ်ရင် ဖြစ်တတ်ပါတယ်ဗျာ…:D

commentinfo By: ဖိုးနမ်း at Aug 2, 2011
Comment #10

ရင်ကိုတဲ့တဲ့…ထိမှန်စေသော……………………..

commentinfo By: အသဲကွဲမိုး at Aug 3, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment