Professional Authors

သေဆုံးခဲ့တဲ့…အလွမ်းများ

ပြီးဆုံးခဲ့တဲ့ အတိတ်ကသတိရခြင်းတွေ
ဘယ်လိုအရာတွေက သတ်ပုံတွေမှားစေခဲ့တာလဲ
ရင်ကွဲ ပက်လက်ကျန်ခဲ့တာတော့သေချာတယ်….

ရင်နင့်အောင် လွမ်းခဲ့တာ
ဒဏ်ရာဆိုတာတွေကတော့ ငါ့အတွက်
ထိုက်တန်မှုတဲ့ လား…

ဝေးခဲ့ပြီ..ဆိုတဲ့အသိတခုက
သားချော့တေးနဲ့  အိပ်ချိန်တွေပဲလွန်စေခဲ့ တာ
ငါ့အတွက် သေချာတာက
ကြယ်တွေမစုံတဲ့ညတစ်ညပဲဖြစ်မှာပါ…

လျှောက်ခဲ့ရလွန်းတဲ့ လမ်းဟောင်းလေးတွေ
ပြန်လာမလားဆိုတဲ့ မျှော်လင့်ချက်တွေက
ငါ့ခြေထောက်ကို အသားမာတွေပဲတက်တက်လာစေတယ်..

မိုးမျှော်နေတဲ့ ပန်းတစ်ပွင့်အတွက်
နှင်းတစက်လောက်ရွာချပေးရင်ပဲ
အသက်ရှုခွင့်လေးနိုးကြားစေခဲ့ပါတယ်…

ထိပ်ထားရေ…
ငါ့ရင်ခွင်က မင်းခိုနားဖို့ မထိုက်တန်ခဲ့ရင်လဲ
မင်း..လျှောက်ခဲ့ဖူးတဲ့ လမ်းဟောင်းလေးကို
အခါအခွင့်သင့်ရင်
သတိရပေးပါ……..

In: ကဗျာ Posted By: Date: Aug 1, 2011
Comment #1

သူငယ်ချင်းေ၇ ခေါင်းစဉ်လေးပဲ လွဲတာ ကဗျာက တစ်ပုဒ်ထဲ…

commentinfo By: မယ်မနော at Aug 1, 2011
Comment #2

လျှောက်ခဲ့ရလွန်းတဲ့ လမ်းဟောင်းလေးတွေ
ပြန်လာမလားဆိုတဲ့ မျှော်လင့်ချက်တွေက
ငါ့ခြေထောက်ကို အသားမာတွေပဲတက်တက်လာစေတယ်..

မိုးမျှော်နေတဲ့ ပန်းတစ်ပွင့်အတွက်
နှင်းတစက်လောက်ရွာချပေးရင်ပဲ
အသက်ရှုခွင့်လေးနိုးကြားစေခဲ့ပါတယ်…..သဘောကျနှစ်ခြိုက်မိပါတယ်

commentinfo By: အသဲကွဲမိုး at Aug 1, 2011
Comment #3

မယ်မနောပြောသလိုပဲနော် 🙂

commentinfo By: မိုးသစ်လေပြေ at Aug 1, 2011
Comment #4

သြော် လေပြေ သူငယ်ချင်း အ၇မ်း ခြိုးခြံချွေတာ တာပဲနော်…..ဟီး…နောက်တာ

မိုးမျှော်နေတဲ့ ပန်းတစ်ပွင့်အတွက်
နှင်းတစက်လောက်ရွာချပေးရင်ပဲ
အသက်ရှုခွင့်လေးနိုးကြားစေခဲ့ပါတယ်…

မှန်တယ်ဗျို့…

commentinfo By: မယ်မနော at Aug 2, 2011
Comment #5

ဟုတ်တယ်..သူငယ်ချင်းတို့ …တောင်းပန်ပါတယ်
ခေါင်းစဉ်နှစ်ခုနဲ့ ကဗျာကတစ်ပုဒ်ထဲဖြစ်သွားတယ်…
ကွန်နက်ရှင်ကြောင့်ပါ…တောင်းပန်ပါတယ်…
ပေးချင်တဲ့ ခေါင်းစဉ်က…ရင်နင့်စေတဲ့ ကဗျာပါ..
တူနေပေမယ့် ၀င်ရောက်အားပေးသွားတဲ့
သူငယ်ချင်းများအားလုံးကို ကျေးဇူးတင်ပါတယ်..

မင်းရသ

commentinfo By: minratha at Aug 2, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment