Professional Authors

လွန် (သို့မဟုတ်) ပြောင်းပြန်စီးနေတဲ့မြစ် { ကျော်တင့်}

ပိုင်ဆိုင်မှုကို စွန့်လွှတ်
နိုမ့်ကျမှုကို မက်မော
တွေးရခက်…….
ဖြေရခက်………

မျက်ရည်မိုးရွာဖို့အတွက်တဲ့လား…
အချစ်နဲ့ အမုန်း
သံယောဇဉ်ကြိုးနဲ့ လွန်ဆွဲ
ကြိုးမပြတ်သရွေ့
အားပြိုင်နေရမှာပဲ…..

အေးမြခြင်းကို ဖန်တီးဖို့
နေမင်းကို ၀ါးမျို
မိုးတိမ်တိုက်ကို လက်နဲ့ပုတ်၍
သွန်းဖြိုးစေမည်…..

မြေခံပြောင်းလို့
နိမ့်ကျသွားပေမဲ့
ဒုတ္ထ၀တီဟာ
ဒုတ္ထ၀တီပဲ
ဖြစ်စေချင်တယ်……

မေခနဲ့မလိခရဲ့ ချစ်ခြင်းကို
မြစ်တစင်းအဖြစ် သက်သေတည်ခဲ့တယ်
သြော်….ဧရာဝတီ
မင်းသိပ်ကံကောင်းပါလား…..

အို……Death Sea ရေ…..
မင့်ရင်ခွင်ထဲမှာ
ငါ့ကို စိတ်လိုလက်ရ နှစ်မြုပ်ခွင့်ပေးပါ။

                                                                         ကျော်တင့်(31-7-2011)

In: ကဗျာ Posted By: Date: Jul 31, 2011
Comment #1

မေခနဲ့မလိခရဲ့ ချစ်ခြင်းကို
မြစ်တစင်းအဖြစ် သက်သေတည်ခဲ့တယ်
သြော်….ဧရာဝတီ
မင်းသိပ်ကံကောင်းပါလား….. ( နာမည်ပါနေသလိုပဲနော် ..:P)

commentinfo By: May Kha at Jul 31, 2011
Comment #2

အေးမြခြင်းကို ဖန်တီးဖို့
နေမင်းကို ၀ါးမျို
မိုးတိမ်တိုက်ကို လက်နဲ့ပုတ်၍
သွန်းဖြိုးစေမည်…..

commentinfo By: မိုးသစ်လေပြေ at Jul 31, 2011
Comment #3

အေးမြခြင်းကို ဖန်တီးဖို့
နေမင်းကို ၀ါးမျို
မိုးတိမ်တိုက်ကို လက်နဲ့ပုတ်၍
သွန်းဖြိုးစေမည်…..

commentinfo By: black cloud at Aug 1, 2011
Comment #4

အေးမြခြင်းကို ဖန်တီးဖို့
နေမင်းကို ၀ါးမျို
မိုးတိမ်တိုက်ကို လက်နဲ့ပုတ်၍
သွန်းဖြိုးစေမည်…..။။

Comment #5

အေးမြခြင်းကို ဖန်တီးဖို့
နေမင်းကို ၀ါးမျို
မိုးတိမ်တိုက်ကို လက်နဲ့ပုတ်၍
သွန်းဖြိုးစေမည်…..။
မိုက်လှချည်လား..။

commentinfo By: ဆည်းဆာ at Aug 2, 2011
Comment #6

မျက်ရည်မိုးရွာဖို့အတွက်တဲ့လား…
အချစ်နဲ့ အမုန်း
သံယောဇဉ်ကြိုးနဲ့ လွန်ဆွဲ
ကြိုးမပြတ်သရွေ့
အားပြိုင်နေရမှာပဲ…..

အေးမြခြင်းကို ဖန်တီးဖို့
နေမင်းကို ၀ါးမျို
မိုးတိမ်တိုက်ကို လက်နဲ့ပုတ်၍
သွန်းဖြိုးစေမည်…..

ကောင်းလိုက်တာဗျာ…..

commentinfo By: ngewaithuaung at Dec 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment