Professional Authors

မိုးတိမ်များနှင့် တွေ့ဆုံခြင်း

တစ်ရွေ့ရွေ့နဲ့ လှုပ်ရှားပြီး
အထက်အောက်သွားလာ
စုံလင်စွာအရောင်ခြယ်တတ်သူတွေ
ကျွန်တော်တို့ရဲ့ ခေါင်းပေါ်မှာရှိတယ်။

ကောင်းကင်ရဲ့အောက်က
လုပ်သားတွေအတွက် ကာကွယ်ရင်း
နေမင်းရဲ့ သူငယ်ချင်းတွေ
လက်ချင်း ယှက်နေကြတယ်။

ဖြူချင်ဖြူ ပြာချင်ပြာ
စိတ်မှာအလိုမကျရင် ညိုပြပြီး ငိုချတတ်တဲ့
မာယာများတဲ့ မျက်နှာတွေ
သူတို့မှာရှိတယ်။

မော့ကြည်တိုင်း တွေ့ရတတ်တဲ့
ရမ္မက်ကြီးတဲ့ မိုးတိမ်တွေ
နေပူကိုလည်း မမှု
လူတွေကိုလည်း မကြောက်
ကောင်းကင်ထက်မှာ လမ်းလျောက်နေကြတယ်။

 

ဇော်သက်ဦး
In: ကဗျာ Posted By: Date: Jul 30, 2011
Comment #1

မိုးတိမ်တွေဟာ တစ်ကိုယ်ကောင်းဆန်တယ်

commentinfo By: Aung Ko at Jul 30, 2011
Comment #2

ဖြူချင်ဖြူ ပြာချင်ပြာ
စိတ်မှာအလိုမကျရင် ညိုပြပြီး ငိုချတတ်တဲ့
မာယာများတဲ့ မျက်နှာတွေ
သူတို့မှာရှိတယ်။

commentinfo By: May Kha at Jul 30, 2011
Comment #3

နေပူကိုလည်း မမှု
လူတွေကိုလည်း မကြောက်
ကောင်းကင်ထက်မှာ လမ်းလျောက်နေကြတယ်။

မိုက်တယ်ဗျ……..။အားပေးသွားတယ်..။ 🙂

commentinfo By: terry at Jul 30, 2011
Comment #4

တိမ်တွေကတကယ်တော့ လေနှင်ရာလွင့်ရတာပါ …။သနားစရာ..။အယူခံမဲ့ ငယ်ကျွန်တွေပါ…။

commentinfo By: မြေနံ့ at Jul 31, 2011
Comment #5

ဟုတ် ကျေးဇူးအထူးပါဗျာ….။

Comment #6

ကဗျာက မိုက်တရ်… ကောင်းတရ်.. အားပေးခဲ့တရ်နော်

commentinfo By: sandi at Aug 1, 2011
Comment #7

ကျေးဇူးဗျို……။

Comment #8

အားပေးနေတယ်ကွာ…..။

commentinfo By: ဆည်းဆာ at Aug 2, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment