Professional Authors

ဝေးလွင့်ခြင်း…ခြေရာ

မျက်လုံးတွေမှိတ်လိုက်တိုင်း
အသဲကွဲသွားတဲ့
လေညှင်းတွေပဲ မြင်နေရတယ်
မိုးမှောင်ကြီးကျခဲ့တာမဟုတ်ပေမယ့်
ငါ့..ညနေတွေ ရေနစ်ခဲ့ရပြီ…..

ဖြေသိမ့်ဖို့  ကြိုးစားတိုင်းမှာ
ရေပြင်ပေါ်အရုပ်ရေးရသလို
မျှော်လင့်ချက်မဲ့တာတွေပဲ
အပ်ကြောင်းတွေထပ်ပေါ့…..

ဝေးရပြီဆိုတဲ့အသိတစ်ခု
ငါ့မြို့ ရိုးလည်းနေ၀င်ခဲ့ပြီဆိုတာ
ရထားတို့ ဥသြဆွဲလိုက်ကြပြီလေ….

မင်း..မရှိတော့တဲ့ ဥယျာဉ်တော်လဲ
ဆွေးမြေ့ သီချင်းနဲ့ ချစ်ခြင်းတွေ
ဇာတ်သိမ်းမလှခဲ့ပြီ…ကောင်မလေး..ရယ်

လဲပြိုခဲ့တယ်…
အလွမ်းတွေ…
တမ်းတခြင်းတွေ…
သတိရမှုတွေ…

မင်း..ပျော်တဲ့အရပ်မှာနေပါ
မင်း..ပျော်ရွှင်ရာမှာ ခိုဝင်ပါ
မင်း..ပျော်ရွှင်ရာမှာ ကြည်နူးပါ
………………………….
………………………….
မင်း..ပျော်ရွှင်ပါစေ………

In: ကဗျာ Posted By: Date: Jul 30, 2011
Comment #1

မင်း..ပျော်တဲ့အရပ်မှာနေပါ
မင်း..ပျော်ရွှင်ရာမှာ ခိုဝင်ပါ
မင်း..ပျော်ရွှင်ရာမှာ ကြည်နူးပါ
………………………….
………………………….
မင်း..ပျော်ရွှင်ပါစေ………
နှစ်သက်လို့အားပေးသွားတယ်

commentinfo By: အသဲကွဲမိုး at Jul 30, 2011
Comment #2

တကယ်ကောင်းပါတယ်အစ်ကို….မင်း..မရှိတော့တဲ့ ဥယျာဉ်တော်လဲ
ဆွေးမြေ့ သီချင်းနဲ့ ချစ်ခြင်းတွေ
ဇာတ်သိမ်းမလှခဲ့ပြီ…ကောင်မလေး..ရယ်…တကယ်ခံစားရတယ်

အနာဟောင်းကိုအပ်နဲ့ဆွသလိုပဲ ….တကယ်..ပြန်ပြီးကြေကွဲရတယ်

commentinfo By: taryar at Jul 30, 2011
Comment #3

လဲပြိုခဲ့တယ်…
အလွမ်းတွေ…
တမ်းတခြင်းတွေ…
သတိရမှုတွေ…

မင်း..ပျော်တဲ့အရပ်မှာနေပါ

commentinfo By: မယ်မနော at Jul 30, 2011
Comment #4

htin loh par.
pyaw naing me ma htin par bu.

commentinfo By: ei lay at Jul 31, 2011
Comment #5

read again par

commentinfo By: ei lay at Jan 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment