Professional Authors

သူ့ဘက် ကိုယ့်ဘက် – နရီထက်

နင့်ဘက်က စိမ်းလမ်းနေတဲ့အခါ
ငါ့ဘက်က ခြောက်သွေ့လွမ်းဆွတ်နေတော့
နင့်ရော ငါ့ရော အဟောင်းကြီးအတိုင်းပဲ မဟုတ်လား

ခွင့်လွတ်ပါတယ်ဆိုတဲ့ စကားတစ်ခွန်း
ခေါင်းတစ်ချက်ညိတ်ရုံနှင့်
ရင်တွင်းက မကျေအေးနိုင်တာ ငါ သိတယ်

မှန်တစ်ချက်လို အရိပ်အကဲနားလည်တတ်ဖို့
ခေါင်းအကြိမ်ပေါင်း ညိတ်ခဲ့ဖူးတယ်
ကြည့်ပြီး ပြောတတ်ဖို့လည်း
လိုက်ကာဆွဲ ပြတင်းပေါက်ဖွင့်
နေရောင်ကို ခံစားတတ်ခဲ့တယ်

အဝေးပြေးလွင့်သွားတဲ့ လှိုင်းချက်တွေ
ကမ်းစပ်ကို လာခဲ့ရတယ် မဟုတ်လား
စကားပြောနည်းတဲ့ ကျောက်ဆောင်တွေက
အ တ တ ငူ တူ တူ တော့ မဟုတ်လောက်ရဲ့

အ၀တ်လှတွေ ဆင်မြန်းလာတဲ့ နင်က
နွေးထွေးမှုတဲ့ …
ငါဘက်ကတော့ အမိန့်နာခံတတ်မှု..
အိမ်မဟုတ်တဲ့ နင့်စကားလုံးတွေက
ဖော်ရွေးမှုတဲ့…
ငါဘက်ကတော့ ဖိအားပေးမှုတွေ…
လောကကြီးကို မြင်တတ်အောင် ကြည့်တတ်ဖို့ နင်က
လေ့ကျင့်ပျိုးထောင်မှုတဲ့…
ငါဘက်ကတော့ ရက်စက်နာကျင်မှုတွေပါ…

ကျေးဇူးဆိုတဲ့ ထွန်းယက်စိုက်ပျိုးမှုဟာ
ပျိုးပင်လေးတွေ ရှင်သန်နေသလိုပဲ
မဟုတ်ဘူး….
လည်မျိုကို နင်းရင်
ခြေမနှင့် ကလော့ရင်
ထမင်းစေ့တွေ အတောင့်လိုက် ထွက်လာမယ်တဲ့
မယုံနိုင်ဘူးနော်…

အမှန်တစ်ဝက်က
အမှန်တစ်ခု မဖြစ်နိုင်သလို
ထိမ်းချန်ထားတဲ့ နင့် ယုံကြည်မှုက
အားကိုးလောက်ရဲ့လား
အသုံးချခံတွေ မဖြစ်ချင်ဘူး
နင်ရယ် ငါရယ်…

နှောင်းနေတဲ့ နွေက
ဆောင်းကို မခေါ်တတ်သလို
ရှေ့ပြေးနေတဲ့ မိုးကမှ
ဆောင်းကို ထူးတတ်တာပါ
ရော်ရွက်ဝါတွေက ငိုနေသံတွေမဟုတ်ဘူး
ဒဏ်ရာဟောင်းတွေကို ကုစားနေတာပါ

အမှားမလုပ်တတ်တဲ့သူက
ထာဝရအိပ်စက်သွားတဲ့ သူတွေပါ
အမှန်တွေကို မြတ်နိုးရင်းနှင့်
ငါလေ အမှားတွေကို
တိတိကျကျ ပယ်ဖျက်တတ်ဖို့
မှင်ဖျက်ဆေးတွေ ဆောင်နေကြပါ

နင်က တစ်သက်လုံးကြီး မမှန်နိုင်သလို
ငါလည်း တစ်သက်လုံးကြီး မမှားနိုင်ပါဘူး…။     ။

နရီထက်
( ၂၇ ၊ ဂျူလိုင်လ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Jul 27, 2011
Comment #1

အားပေးနေလျက်ပါ…….။

Comment #2

အမှားမလုပ်တတ်တဲ့သူက
ထာဝရအိပ်စက်သွားတဲ့ သူတွေပါ
အမှန်တွေကို မြတ်နိုးရင်းနှင့်
ငါလေ အမှားတွေကို
တိတိကျကျ ပယ်ဖျက်တတ်ဖို့
မှင်ဖျက်ဆေးတွေ ဆောင်နေကြပါ

နင်က တစ်သက်လုံးကြီး မမှန်နိုင်သလို
ငါလည်း တစ်သက်လုံးကြီး မမှားနိုင်ပါဘူး…။ ။
တော်တော်ကြိုက်တယ်..ဗျာ

commentinfo By: အသဲကွဲမိုး at Jul 27, 2011
Comment #3

မှန်တစ်ချက်လို အရိပ်အကဲနားလည်တတ်ဖို့
ခေါင်းအကြိမ်ပေါင်း ညိတ်ခဲ့ဖူးတယ်
ကြည့်ပြီး ပြောတတ်ဖို့လည်း
လိုက်ကာဆွဲ ပြတင်းပေါက်ဖွင့်
နေရောင်ကို ခံစားတတ်ခဲ့တယ်
အားပေးသွားတယ်

commentinfo By: Village chat kyi at Jul 27, 2011
Comment #4

ဒီအပိုဒ်လေးကိုတော့အကြိုက်ဆုံးဘဲ
အမှားမလုပ်တတ်တဲ့သူက
ထာဝရအိပ်စက်သွားတဲ့ သူတွေပါ
အမှန်တွေကို မြတ်နိုးရင်းနှင့်
ငါလေ အမှားတွေကို
တိတိကျကျ ပယ်ဖျက်တတ်ဖို့
မှင်ဖျက်ဆေးတွေ ဆောင်နေကြပါ

နင်က တစ်သက်လုံးကြီး မမှန်နိုင်သလို
ငါလည်း တစ်သက်လုံးကြီး မမှားနိုင်ပါဘူး…။ ။
အရမ်းကိုကောင်းတယ်အအကိုကြီး..

commentinfo By: myintmo at Jul 27, 2011
Comment #5

ဒိကဗျာလေးက လူတစ်ယောက်နဲ့ တစ်ယောက် သဘောထား၊စိတ်ထားနဲ့ နားလည်မူတွေဟာ အမြဲတမ်းတော့ မတူကြနှိင်ဘူးဆိုတာ စမ်ထားတာနော်။ကောင်းတယ်ကိုကြိး အခုနောက်ပိုင်းကဗျာတွေ တော်တော် ကောင်း လာတယ်နော် ။အတွေးအခေါ်အပိုင်းတွေ က အရင်နဲ့ မတူတော့ဘူး မြင့်လာတယ်။ပြိးတော့ ကဗျာရေးတာလည်းစိမ်လာတယ် ။ဒိအပှဒ်လေးတွေကို ပိုပိးကြိုက်တယ်ကိုကြိး ခွင့်လွတ်ပါတယ်ဆိုတဲ့ စကားတစ်ခွန်း
ခေါင်းတစ်ချက်ညိတ်ရုံနှင့်
ရင်တွင်းက မကျေအေးနိုင်တာ ငါ သိတယ်မှန်တစ်ဝက်က
အမှန်တစ်ခု မဖြစ်နိုင်သလို
ထိမ်းချန်ထားတဲ့ နင့် ယုံကြည်မှုက
အားကိုးလောက်ရဲ့လား
အသုံးချခံတွေ မဖြစ်ချင်ဘူး
နင်ရယ် ငါရယ်…နှောင်းနေတဲ့ နွေက
ဆောင်းကို မခေါ်တတ်သလို
ရှေ့ပြေးနေတဲ့ မိုးကမှ
ဆောင်းကို ထူးတတ်တာပါ
ရော်ရွက်ဝါတွေက ငိုနေသံတွေမဟုတ်ဘူး
ဒဏ်ရာဟောင်းတွေကို ကုစားနေတာပါ

အမှားမလုပ်တတ်တဲ့သူက
ထာဝရအိပ်စက်သွားတဲ့ သူတွေပါ
အမှန်တွေကို မြတ်နိုးရင်းနှင့်
ငါလေ အမှားတွေကို
တိတိကျကျ ပယ်ဖျက်တတ်ဖို့
မှင်ဖျက်ဆေးတွေ ဆောင်နေကြပါ

နင်က တစ်သက်လုံးကြီး မမှန်နိုင်သလိုငါလည်း တစ်သက်လုံးကြီး မမှားနိုင်ပါဘူး…။ ။ဆက်ပိး ကောင်းတဲ့ ကဗျာတွေ ရေးနှိင်ပါစေ။

commentinfo By: thuya at Jul 27, 2011
Comment #6

ကောင်းလိုက်တဲ့ကဗျာလေးဗျာ..အရမ်းကြိုက်တယ်…

commentinfo By: htoo at Jul 27, 2011
Comment #7

မှန်လိုက်လေခြင်း………………….

commentinfo By: စောရယ် at Jul 27, 2011
Comment #8

နင်က တစ်သက်လုံးကြီး မမှန်နိုင်သလို
ငါလည်း တစ်သက်လုံးကြီး မမှားနိုင်ပါဘူး…။ ။
သွေးထွက်အောင်ကို မှန်တာ

commentinfo By: ဖိုးနမ်း at Jul 27, 2011
Comment #9

ကဗျာ နောက်ဆုံးစာသားနှစ်ကြောင်း တော်တော်လေးမိုက်တယ် တော်တော်လေးလည်း အသုံးများတဲ့စကားလုံးတွေပဲ။

commentinfo By: X - ray at Jul 27, 2011
Comment #10

အမှားမလုပ်တတ်တဲ့သူက
ထာဝရအိပ်စက်သွားတဲ့ သူတွေပါ
အမှန်တွေကို မြတ်နိုးရင်းနှင့်
ငါလေ အမှားတွေကို
တိတိကျကျ ပယ်ဖျက်တတ်ဖို့
မှင်ဖျက်ဆေးတွေ ဆောင်နေကြပါ

နင်က တစ်သက်လုံးကြီး မမှန်နိုင်သလို
ငါလည်း တစ်သက်လုံးကြီး မမှားနိုင်ပါဘူး…။ ။

ကောင်းလိုက်တာဗျာ မှန်လိုက်လေခြင်း
အားပေးသွားပါတယ်ခင်ဗျ။

commentinfo By: ကျော်ကြီး at Jul 28, 2011
Comment #11

အမှားမလုပ်တတ်တဲ့သူက
ထာဝရအိပ်စက်သွားတဲ့ သူတွေပါ
အမှန်တွေကို မြတ်နိုးရင်းနှင့်
ငါလေ အမှားတွေကို
တိတိကျကျ ပယ်ဖျက်တတ်ဖို့
မှင်ဖျက်ဆေးတွေ ဆောင်နေကြပါ

နင်က တစ်သက်လုံးကြီး မမှန်နိုင်သလို
ငါလည်း တစ်သက်လုံးကြီး မမှားနိုင်ပါဘူး…။
ကောင်းတယ်ဗျာ။
တော်တော်လေးကိုမိုက်တယ်။

commentinfo By: yelaylover2010 at Jul 28, 2011
Comment #12

အားပေးဖတ်ရှုကြတဲ့ ညီအစ်ကို မောင်နှမများ အားလုံး၊ ကဗျာ့ချစ်သူများအားလုံး အထူးကျေးဇူးပါ…

commentinfo By: Nayihtet at Aug 1, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment