Professional Authors

လမိုက်ည

ကြယ်ကြွေခတဲ့ အတွင်းဒါဏ်ရာည၊
ရှုံးမဲ့ပွဲကို ငါစမိပြီ။
နင် ပြုံးနေတဲ့ ဆွံ့အ ညနေခင်း တစ်ခုဟာ၊
အတ္တနဲ့ ထုဆစ်တဲ့ ငါ့ နှလုံးသားကို၊
လှိုက်စား ခြောက်ချားစေပြီ။

အသွား အပြန် မရှိ၊ အမှား အမှန် မသိ အချစ်တွေနဲ၊
ငါ့ရင်အုံ ဖြိုးမောက်ခဲ့ပြီ။
အိပ်မက် အဆိပ်တွေ မော့သောက်ရင်း၊
အတ္တကို မီးစိုက် ခုတ်မောင်းလဲ၊
အတိတ်ဆိုး လမိုက်ညတွေ အရိပ်လို လိုက်စဲလေ။

မညီမျှခြင်း တစ်ခုကို၊
ချိန်ခွင်လျှာ မလွဲဖို့ ငါ့ အသဲကွဲခဲ့ပြီ။
တောင်းဆိုမှု့မဲ့ ပေးဆပ်ခြင်း အတွက်၊
မင်း ဒဿန သောင်ပြင်မှာ၊
ငါ့ မျက်ရည် အရာမထင်နိုင်ဘူးလေ။

ခေါင်းမာသလောက် မမာတဲ့ အသဲ၊
အမှတ်နဲလို့ အထပ်ထပ်ကွဲပြီ။
အတိုင်းအတာမဲ့ ခံစားချက်များနဲ့၊
အယူခံမရ တဘက်သတ်အမိန့်မှာ၊
အသဲတစစီကို ချိတ်ပိတ်ရမတဲ့လား။

In: ကဗျာ Posted By: Date: Jul 26, 2011
Comment #1

မညီမျှခြင်း တစ်ခုကို၊
ချိန်ခွင်လျှာ မလွဲဖို့ ငါ့ အသဲကွဲခဲ့ပြီ။..
မိုက်တယ်
အားပေးပါသှ်

commentinfo By: ဖိုးနမ်း at Jul 28, 2011
Comment #2

မညီမျှခြင်း တစ်ခုကို၊
ချိန်ခွင်လျှာ မလွဲဖို့ ငါ့ အသဲကွဲခဲ့ပြီ။
တောင်းဆိုမှု့မဲ့ ပေးဆပ်ခြင်း အတွက်၊
မင်း ဒဿန သောင်ပြင်မှာ၊
ငါ့ မျက်ရည် အရာမထင်နိုင်ဘူးလေ။
ဟုတ်တာပေါ့…။

commentinfo By: ဆည်းဆာ at Aug 2, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment