Professional Authors

ဘယ်တော့မှ …

အရာရာ အားလုံးထဲမှာ

မင်းဟာ နတ်သမီးဆန်ဆန် လှလွန်းလို့

ငါ့ရင်တွေ ယောင်ရမ်းရတယ်

 

အကြိမ်ကြိမ် ငါဟာ

တင်းမာတဲ့ နှလုံးသားကို ရင်မှာဆွဲချိတ်

တကယ်ဆိုငါဟာ အချစ်ကြောက်သူပါ

 

နွေရာသီဒေါင့်စွန်က

ရပ်စောင့်၊ ငေးလွမ်းဝေရီတာ

ဆောင်းရာသီဆို အခါခါအေးခဲဖျားနာ

 

ငါ့အယူတွေ ပြီးတော့ အပူတွေ

ချစ်ခြင်း၏ ညီမျှခြင်း သီဝရမ်

မင်းကိုတွေ့ရင် အလွှဲလွှဲလဲပြို

 

မြင်သာတဲ့ နေရာလေးမှာ

မင်းညင်သာစွာ ရှိနေပါ

ငါ့ရင်မှာ ဖြေသာရအောင်ပေါ့

 

သေချာတာကတော့

မင်းဘယ်တော့မှ အပြာရောင်ရင်ဘတ်နဲ့

မိုးကောင်းကင် အိမ်မက်ကို ပိုင်ဆိုင်တဲ့

ကောင်လေးတစ်ယောက် အကြောင်း သိနိုင်မှာမဟုတ်ဘူးလေ။

In: ကဗျာ Posted By: Date: Jul 25, 2011
Comment #1

အကြိမ်ကြိမ် ငါဟာ

တင်းမာတဲ့ နှလုံးသားကို ရင်မှာဆွဲချိတ်

တကယ်ဆိုငါဟာ အချစ်ကြောက်သူပါ..
ခံစားအားပေးသွားတယ်

commentinfo By: အသဲကွဲမိုး at Jul 25, 2011
Comment #2

why?

commentinfo By: ei lay at Feb 14, 2012
Comment #3

အသဲကွဲမိုး++ Thank yous 😀

ei lay++ I don’t know I just do 🙂

commentinfo By: Loon at Feb 18, 2012
Comment #4

ha,,ha,,
ur creation?
not real one.
anyway,,good to read,

commentinfo By: ei lay at Feb 18, 2012
Comment #5

မြင်သာတဲ့ နေရာလေးမှာ
မင်းညင်သာစွာ ရှိနေပါ
ငါ့ရင်မှာ ဖြေသာရအောင်ပေါ့

အရာရာ အားလုံးထဲမှာ
မင်းဟာ နတ်သမီးဆန်ဆန် လှလွန်းလို့
ငါ့ရင်တွေ ယောင်ရမ်းရတယ်

commentinfo By: ei lay at Jan 13, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment