Professional Authors

မနက်ခင်းရဲ့ ကောင်မလေး

ချစ်သူကို သတိရလို့

အိမ်မက်တွေ မက်မိပါတယ်

ကိုယ့်ကိုကိုယ် မနည်းပြန်နိုးယူရတယ်

 

မနက်ခင်းက လင်းချင်းလင်းရင်း

အာဝါသတွေကိုမှောင်ထွန်းထားတယ်

 

ငါ့နှလုံးသားကို  ပြန်ပေးဆွဲတဲ့

မင်းဆံပင်ရှည်တွေက ရက်စက်တယ်

ပြီးတော့ … အဲဒီအပြာရောင် ဆံထိုးလေး

 

ဘဝကို ပလူးပလဲ တိုက်စားတဲ့

မနက်တွေ မနက်သစ်တွေ

တစ်ယောက်ထဲ … ထားသွား … ဝေးသွား

 

ဟင့်အင်း … ချစ်သူ

အဲဒါ စာမဟုတ်သလို ကဗျာလည်း မဟုတ်ဘူး

ခံစားချက်တွေဆိုရင်လည်း မလုံလောက်ဘူးကွယ်

အင်း … ဟုတ်တယ်

အခုရေးရေး မြင်နေရတာက ပြတိုက်

ငါ့ရဲ့ တစ်ကိုယ်တော် မျဉ်းဖြောင့်ပြတိုက်

 

တခါတုန်းက

ကောင်မလေး တစ်ယောက် ငါ့မနက်ခင်းမှာ ရှိခဲ့တယ်

မနက်ခင်းထဲမှာ ကောင်မလေး ရှိခဲ့သလို

ငါလည်း တခါတုန်းက ကောင်မလေး နံဘေးမှာ ရှိခဲ့ဖူးတယ် …

In: ကဗျာ Posted By: Date: Jul 24, 2011
Comment #1

တခါတုန်းက

ကောင်မလေး တစ်ယောက် ငါ့မနက်ခင်းမှာ ရှိခဲ့တယ်

မနက်ခင်းထဲမှာ ကောင်မလေး ရှိခဲ့သလို

ငါလည်း တခါတုန်းက ကောင်မလေး နံဘေးမှာ ရှိခဲ့ဖူးတယ် …

commentinfo By: အသဲကွဲမိုး at Jul 24, 2011
Comment #2

great,
i like it,

commentinfo By: ei lay at Jul 24, 2011
Comment #3

အားပေးသွားတယ်

commentinfo By: Village chat kyi at Jul 24, 2011
Comment #4

အင်း…. အိပ်မက်တော့မက်ဖြစ်တာပေါ့
အဲဒီနေ့ကမိုးတိတ်တာပေါ့နော်
ကောင်မလေးဘေးမှာအမြဲရှိနေနိုင်ပါစေဗျာ

commentinfo By: myboy at Jul 24, 2011
Comment #5

အားပေးသွားပါတယ်

commentinfo By: HEROSMITH at Jul 24, 2011
Comment #6

အားပေးသွားတဲ့အတွက် ကျေးဇူးပါပဲဗျာ … [so sorry for the late reply :D]

commentinfo By: လွန်း [Loon] at Jul 25, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment