Professional Authors

အဆုံးမဲ့ မျှော်လင့်ခြင်း

ဘယ်လောက်ပဲဝေးဝေး
ဘာတွေခြားထားထား
ငါ့ရင်မှာချိတ်ဆွဲထားတဲ့
သစ္စာတရားဆိုတဲ့ဆိုင်းဘုတ်က
အရောင်တွေပြယ်လွင့်မသွားဘူး………
တနေ့နေ့ဆိုတာကိုမျှော်တွေးရင်း
ကောင်းကင်ကြီးကိုမော့မော့ကြည့်မိတဲ့အခါ
အဆုံးမဲ့သွားမှာကို
ငါကြောက်မိပေမယ့်….
အလွမ်းတွေနဲ့အသက်ဆက်
မျှော်လင့်ခြင်းတွေအားကိုးပြီး
ငါ့ခြေလှမ်းတွေခရီးဆက်မယ်
တိမ်တွေရဲ့ကကြိုးမလှပနိုင်ချိန်
လေညှင်းရဲ့သံစဉ် ပြတ်တောက်နေချိန်
ငါ့အလွမ်းတွေနဲ့ပဲ စခန်းသွားခဲ့တာ
ရင်ခုန်သံအပိုင်းအစတွေတောင်
တစ်ခန်းရပ်ခဲ့ပေမယ့်
နင့်ရင်ခွင်ရှိရာမျှော်မှန်းပြီး….
တမ်းတခြင်းတေးသွားတွေကို
ငါ…
ချိုမြိန်စွာတီးခတ်နေဆဲပါပဲချစ်သူရယ်………….

In: ကဗျာ Posted By: Date: Jul 23, 2011
Comment #1

မျှော်လင့်ခြင်းတွေအားကိုးပြီး
ငါ့ခြေလှမ်းတွေခရီးဆက်မယ်
တိမ်တွေရဲ့ကကြိုးမလှပနိုင်ချိန်
လေညှင်းရဲ့သံစဉ် ပြတ်တောက်နေချိန်
ငါ့အလွမ်းတွေနဲ့ပဲ စခန်းသွားခဲ့တာ
ရင်ခုန်သံအပိုင်းအစတွေတောင်
တစ်ခန်းရပ်ခဲ့ပေမယ့်
နင့်ရင်ခွင်ရှိရာမျှော်မှန်းပြီး….
တမ်းတခြင်းတေးသွားတွေကို
ငါ…
ချိုမြိန်စွာတီးခတ်နေဆဲပါပဲချစ်သူရယ်………….ကိုလွမ်းနောင်….သိပ်ကောင်းတယ်ဗျာ

commentinfo By: အသဲကွဲမိုး at Jul 24, 2011
Comment #2

never give up.fri.
fighting.
fighting.

commentinfo By: ei lay at Jul 24, 2011
Comment #3

တော်တော်ကောင်းတဲ့ ခံစားချက်တွေပါ အားပေးသွားပါတယ်

commentinfo By: HEROSMITH at Jul 24, 2011
Comment #4

ကိုလွမ်းနောင်ရေ ..ခံစားချက်တွေကလန်ထွက်နေတယ်ဗျာ .. 🙂

commentinfo By: chityellusoelay at Aug 18, 2011
Comment #5

ဟူးကောင်းလိုက်တာ..

commentinfo By: thiribo at Jan 3, 2012
Comment #6

a sone me ba wa 1 khu lone…

commentinfo By: ei lay at Jan 3, 2012
Comment #7

အားပေးသွားပါတယ်ရှင်…ကဗျာလေးက အရမ်းကောင်းပါတယ်..

commentinfo By: Thin Zar Kywe at Dec 7, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment