Professional Authors

အမေ့လက်မှတ် (သက်ထွေး)

အနာဂတ်နဲ့ခရီးသွား
ကျွန်တော်က
အမေ့ရဲ့သားလေ ..

အမေမျှော်ခဲ့တဲ့
မနက်ဖြန်က
“ကျွန်တော်” …
ကျွန်တော်မျှော်ခဲ့တဲ့
မနက်ဖြန်က
“ကျွန်တော်” …
ဘယ်လောက်ထိတောင်
မှောင်မဲမိခဲ့လဲ အမေ ..

သားက
လှိုင်းဆို
အမေက
ကမ်းတဲ့
အိပ်မက်တွေကို
ထုပ်ပိုး …
လေယာဉ်ဆိပ်သို့
အမေ
လိုက်ပို့ရှာတယ် …

လက်ပြကာ
လှည့်ထွက်
အမေ့ကို
ကျွန်တော်
လွယ်လွယ်လေးပဲ
နှုတ်ဆက်ဖြစ်ခဲ့တယ် …

ကကြီး ခခွေး ဦးနှောက်နဲ့
လူငယ်တစ်ယောက်
ရင်ခွင်ပျောက်တော့တာပါပဲ
အမေ …

ဘယ်ဆီဘယ်ဝယ်မှန်း
လှမ်းနေလဲ
ကျွန်တော်မသိတော့
ကြွေဖို့
ကျွန်တော်
ဝေခဲ့မိတယ်
ထင်ပါရဲ့ …

အမေ့
ကောင်းကင်ကို
အရောင်ဆိုး
ကျွန်တော်ဟာ
တိမ်ဆိုးပေါ့ …
ဒါပေမဲ့
အမေက
မေတ္တာမိုး
သွန်းဖြိုး
ဒီလူဆိုး အတွက်ပဲလေ …

ကျွန်တော့်
စာမျက်နှာ
ဗလာသက်သက်
အမေ့လက်မှတ်
တစ်ချက်သာ ပါခဲ့ပါတယ် မေမေ .. ။ ။

သက်ထွေး
မေ ၈ ၂ဝ၁ဝ ညနေ ၃း၄၈
————————————-

မေ ၉ ၂ဝ၁ဝ အမေများနေ့ အတွက် အမှတ်တရ ကဗျာပါ။ တစ်နေ့ လုံးမစားမသောက်နဲ့ တော်တော်ညှစ်ယူပြီး ရေးထားရကြောင်းပါ။

In: ကဗျာ Posted By: Date: May 8, 2010  
Comment #1

kabyar ka yin htal hti aung ko yauk par tal… pee tot kyabyar sayar phat pya tae. kabyar yoot than kyount ngo mi par tal… ayann kyite tar par kabyar lay ko…. kabyar sayar yae. khan sarr chat tway yin htal hti yauk aung kabyar sayar po’. pay hnaing khae. par tal naw….
kook thar amay nay yar hmar ko. tharr lay d lo yay pay yin a tine ma thi pal wan thar hmar par…pee tot pite san tway pay pee wal pay tae. lat saung tway htet lal po tan phoe htar hmar….(amay tine lal d lo pal ta myat ta noe shi hmar par pal lay… ko. tharr tha mee pay tae. lat saung pal naw… pite san nae. wal pee pay tar pal phyit phyit…. thu doe. pite san nae. pal thu doe. ko pyan wal pay tar pal phyit phyit) =’)

*Happy Mother’s Day*

p.s. d kabyar lay ka tan phoe phyat ma ya par buu…

commentinfo By: kook at May 8, 2010
Comment #2

ငိုချင်သွားတယ်နော်.. ဒီကဗျာကြီးဖတ်ပြီး.. အဟင်…..
သူကြီးက.. အပီကို လန်းနေတာ.. joood နေတာ..
/me salutes..
ahatttt! doh thu gyi kwa!! 😀 😀 😀

commentinfo By: Kitty Yang at May 8, 2010
Comment #3

ကဗျာ ကောင်းတယ်လို့ မပြောတော့ပါဘူး။ ဘာလို့လဲဆိုတော့ သူကြီး ရေးထားတာကို ကျွန်တော်လို မအူမလည်က ချီးကျူးရင် သူကြီး သိက္ခာကျမှာစိုးလို့ ခင်ည။

commentinfo By: ChIr0N at May 8, 2010
Comment #4

ညှစ်ရေးထားတာ ယုံပါဒယ်.. လန်ထွက်နေဒယ် =D

commentinfo By: mgpyone at May 8, 2010
Comment #5

ဟုတ်ပါ့ ကောင်းတယ်ပြောရင် အစ်ကို သိက္ခာကျမှာစိုးလို့ ပြောတော့ဘူး..
(: (:(: clapping, bro.. ကဗျာကို clapping တာပါ. မစားရ မသောက်ရတာကို clapping တာဟုတ်ပါဘူး… 😛

commentinfo By: melodyphyO at May 8, 2010
Comment #6

ကောင်းလိုက်တဲ့ကဗျာ…..
ကြိုက်တယ်ဗျာ…

commentinfo By: Second Two at May 11, 2010
Comment #7

Can i share or use ur poem?

commentinfo By: smo at May 11, 2010
Comment #8

nice poem….!!!

commentinfo By: Nyar Lat Taw at May 11, 2010
Comment #9

@all, Thanks for your comments.

@smo, you can share my poems. But cannot use as yours 😀

commentinfo By: Thet Twe at May 12, 2010
Comment #10

အဲလို ငိုချင်အောင်မရေးနဲ့လေ
ဒီမှာလည်း အမေလွမ်းနေလို့ပါဗျ

commentinfo By: ပင်ကီ at May 18, 2010
Comment #11

အမေ့လက်မှတ်ပါတယ်ဆိုရင်လည်း မစားမသောက်လည်း ဗိုက်ပြည့်နေပြီမဟုတ်လားရှင့်။

commentinfo By: manawphyulay at May 18, 2010
Comment #12

ကကြီး ခခွေး ဦးနှောက်နဲ့
လူငယ်တစ်ယောက်
ရင်ခွင်ပျောက်တော့တာပါပဲ
အမေ …
🙁

..
.
ဟုတ်တယ် အမေ့လက်မှတ်တစ်ချက်ပဲ…..

commentinfo By: ဖြိုးဖြိုး at Aug 11, 2010
Comment #13

အမေ့
ကောင်းကင်ကို
အရောင်ဆိုး
ကျွန်တော်ဟာ
တိမ်ဆိုးပေါ့ …
ဒါပေမဲ့
အမေက
မေတ္တာမိုး
သွန်းဖြိုး
ဒီလူဆိုး အတွက်ပဲလေ …

commentinfo By: ခင်းခင်း at Sep 2, 2010
Comment #14

နည်းနည်းလောက်တော့သေဖန်ချင်တယ်ဘယ်လိုမှတော့သဘောမထားပါနဲ့ အကြံပေးတယ်လို့ပဲဆိကြရအောင်
အကိုကဗျာကကောင်းပါတယ် ညှစ်ရေးတာဆိုတော့ ဖီလင်သိတ်မထဲ့နိုင်ဘူးနော် ဒီတော့ကဗျာကပေါ့နေတယ်
အကိုတိုတိုလေးရေးပြီးတော့စကားလုံးအားပိုထဲ့လိုက်ရင်ပိုကောင်းသွားလိမ်မယ်ထင်ပါတယ်

ဒီလောက်ပါပဲစိတ်ဆိုးသွားခဲ့ရင်လဲတောင်းပန်ပါတယ်

commentinfo By: thawna at Dec 7, 2010
Comment #15

အနာဂတ်နဲ့ခရီးသွား
ကျွန်တော်က
အမေ့ရဲ့သားလေ ..

အမေမျှော်ခဲ့တဲ့
မနက်ဖြန်က
“ကျွန်တော်” …
ကျွန်တော်မျှော်ခဲ့တဲ့
မနက်ဖြန်က
“ကျွန်တော်” …
ဘယ်လောက်ထိတောင်
မှောင်မဲမိခဲ့လဲ အမေ .. ကောင်းပါတယ် ကဗျာလေးက

commentinfo By: နှောင်းလူ at Dec 7, 2010
Comment #16

မနှစ်အမေများနေ့တုန်းက ဖတ်ခဲ့ရတဲ့ ကဗျာလေးဆိုပြီး သတိတရ လာဖတ်သွားတယ်..
((((((((((((((((:
ဖတ်တိုင်းလည်း ကြိုက်တယ်..
clappinggggggggggggggggggg.. ever fav

အနာဂတ်နဲ့ခရီးသွား
ကျွန်တော်က
အမေ့ရဲ့သားလေ ..

အမေမျှော်ခဲ့တဲ့
မနက်ဖြန်က
“ကျွန်တော်” …
ကျွန်တော်မျှော်ခဲ့တဲ့
မနက်ဖြန်က
“ကျွန်တော်” …
ဘယ်လောက်ထိတောင်
မှောင်မဲမိခဲ့လဲ အမေ ..

ကကြီး ခခွေး ဦးနှောက်နဲ့
လူငယ်တစ်ယောက်
ရင်ခွင်ပျောက်တော့တာပါပဲ
အမေ …

every single word is really really awesome..
of course excellent poem about mom..

commentinfo By: ဖြိုးဖြိုး at May 8, 2011
Comment #17

တကယ်ကိုခံစားရပါတယ်ဗျာ အားလုံးကောင်းလွန်းပါတယ် ရှေ့လယ်နှောင်း ရသအပြည့်အ၀ပေးနိုင်ပါတယ်

commentinfo By: Moe Thit Lay Pyay at May 8, 2011
Comment #18

အမေ ပါတဲ့ ကှောတွေကို ပိုကြိုက်တယ်….ကိုသက်ထွေရေ…။
အားပေးလျက်ပါပဲ….။

Leave Comments

Name*

Email*
Website
Email me whenever there is new comment