Professional Authors

နှောင်ကြိုး ညနေ

ညနေတစ်ခု
ခပ်တုံးတုံး ဓားသွားတစ်လက်ပေါ် ဖြတ်သန်းလာတဲ့
လေ နုကြမ်း တစ်ချို့ကို ဖမ်းဆုပ်ပြီး
ဒဏ်ရာတွေရဖူးတယ်..။

အရောင် တစ်ချို့ရဲ့ လှည့်စားမှုကို
ရုန်းမထွက်နိုင်ခဲ့သူ ပေါ့..။

ကတိဆိုတဲ့ ကြက်ခြေခက်ဆန်ဆန်
ကြိုးတွေကို တွယ်တာနေမိတယ် …။

ရုန်းထွက်ဖို့ ခက်တဲ့
ပုရွက်ဆိတ်တစ်ကောင်ရဲ့ ဇာပန တောင်မရှိတဲ့ ညနေ
နင့်ရဲ့ စုတ်ချက်တွေနဲ့ ညနေ….။

In: ကဗျာ Posted By: Date: Jul 23, 2011
Comment #1

တော်တော်လေးကိုပြင်းထန်တယ်ဗျို့…ရင်ထဲမှာမုန်တိုင်းထန်တဲ့အချိန်မှာရေးထားတယ်ထင်တယ်..။

commentinfo By: taryar at Oct 16, 2011
Comment #2

အဲ့ဒီညနေမှာ သူနဲ့စတွေ့ ခဲ့တာပေါ့ဗျာ….

commentinfo By: ဒိုဒို at Oct 17, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment