Professional Authors

ကိုယ့်ကိုကိုယ် ဆုံးမခြင်း

ငါ့လိုလူ ဇမ္ဗူမှာ ရှိသေးလားလို့

အူတူတူအတွေးများချဲ့

ကလေးကလားမလုပ်နဲ့

ဒီကမ္ဘာမှာ ငါ့ထက်သာတာ

ဆယ်ရာထောင်မက ရှိနေတယ်ဆိုတာ

မင်းသိလိုက်ကွာ ။

ငါသာ က၀ိဆရာ

သိတာတွေများ

ဘယ်သူများယှဉ်မလဲ

စိန်ခေါ်ရင် တိမ်ပေါ်ကိုမင်းတက်ချင်

မြက်ပင်ပေါ်က ပိုးကောင်လေးလို

မာနနဲ့ အထာမပြနဲ့

ဘာသာဗေဒ သမုဒ်ပြင်နယ်မှာ

မင်းကိုယ်မင်း အဟုတ်ထင်ကာ

ငါလိုတတ်သလားလို့

အပြတ်မကြွားနေနဲ့

မင်းမှတ်ထားတာ အပ်ဖျားသာသာ ။

ငါမရှိရင် ဒီကမ္ဘာမှာ ဘာမှမဖြစ်

င့ါကိုလေ အရေးမထား

အလေးမထားသလေးနဲ့

ညစ်ကျယ်ကျယ်အတွေး

ကလေးလေးအထာ

အဝေးကိုပြေးချင်ပြေးပါလေ

ဒီကမ္ဘာမြေက အေးဆေးပဲ ပြောမှာ

မင်းကိုလေ တာ့တာတဲ့ ။ ။

In: ကဗျာ Posted By: Date: Jul 22, 2011
Comment #1

ငါသာ က၀ိဆရာ

သိတာတွေများ

ဘယ်သူများယှဉ်မလဲ

စိန်ခေါ်ရင် တိမ်ပေါ်ကိုမင်းတက်ချင်

မြက်ပင်ပေါ်က ပိုးကောင်လေးလို

မာနနဲ့ အထာမပြနဲ့

ဘာသာဗေဒ သမုဒ်ပြင်နယ်မှာ

မင်းကိုယ်မင်း အဟုတ်ထင်ကာ

ငါလိုတတ်သလားလို့

အပြတ်မကြွားနေနဲ့

မင်းမှတ်ထားတာ အပ်ဖျားသာသာ ။
ကောင်းတယ် အစ်ကိုရေးးးး.။။

Leave Comments

Name*

Email*
Website
Email me whenever there is new comment