Professional Authors

မိုရွာသော နေ့တစ်နေ့

မိုးပေါက်များနှင့်ဝေဆာစွာ
ကောင်းကင်မှာ တိမ်ညိုနက်နှင့်
လောင်းငင်ကာ ကမ္ဘာဂြိုလ်ထက်ကိုမှ
ဆင်းသက်လို့ မိုးရွာပေး။

မိုးရေဆိုကို မလိုလျှင်တော့
ခိုဝင်စရာ ရှာပြီးပြေး။

(မိုး)တိတ်လုပြီထင်ကာ ထွက်လာတော့
ထပ်ရွာပြန်ပေါ့ နောက်တစ်ခါ
အပြင်မှာ မိုးတွေရွာလင့်တော့
တွေ့ခွင်ရဖို့ လမ်းမမြင်ပါ။

မိုးအေးအေးနှင့် မှေးစက်ရာ
အတွေးထက် ပြန်မြင်ယောင်လာ။

ရင်မှာနာ စိမ်မချမ်းသာစွာနှင့်
လမ်းကိုသာ ငေးနေမိရှာပေါ့
တွေးကြည်မှ အကြံပေါ်
ထ၍ အထည်ဖော်။

ချစ်သူလေးရဲ့ ရှေ့တော်မှောက်ကို
ပျော်ရွင်ကာ အရောက်လာတော့မလေး။

ဇော်သက်ဦး

 

In: ကဗျာ Posted By: Date: Jul 22, 2011
Comment #1

ဒါလေးက တေးထပ်သဘောလေးပါလား..။ကြိုက်တယ်ကွာ.. ။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 23, 2011
Comment #2

ကဗျာက ကလေးကဗျာလေးနဲ့တူတရ်.. ဖတ်လို့ကောင်းတရ်…
အားပေးခဲ့တရ်နော်မောင်လေး

commentinfo By: sandi at Jul 23, 2011
Comment #3

ကျေးဇူးပါ အစ်မ……..။ 🙂

Leave Comments

Name*

Email*
Website
Email me whenever there is new comment