ရင်ခုန်သံ အဓိပ္ပါယ် (Kitty Yang)
ခံစားချက်တွေနဲ့
ငါကဗျာတွေရေးတယ်
ရင်ခုန်သံတွေ
ငါကဗျာဖွဲ့တယ်။
ရင်ခုန်သံအချို့က
လွမ်းတယ်လွမ်းတယ်ဆိုတယ်
တချို့ကတော့
ချစ်တယ်ချစ်တယ်တဲ့
ပိုင်ဆိုင်ခြင်းကိုမှ
လက်လှမ်းမမှီခဲ့တာဘဲ
ဝေးရာကိုလည်း မပြေးပါနဲ့တော့
မင်းမောမယ်။
တိတ်တခိုးအချစ်နဲ့
တိတ်တိတ်လေးခိုးကြည့်တာပါ
ရင်ခုန်သံတွေကိုတော့
တိုးတိုးနေဖို့ပြောမရဘူး
မင်းရှေ့ရောက်မှ
ရင်ခုန်သံတွေ သီချင်းဖြစ်တယ်။
ငါ့ရင်ခွင်ဥယျာဉ်ထဲ
မပျိုးပါဘဲနဲ့
ပေါက်တဲ့အချစ်ပင်
အချစ်ဖူးတောင်ဖူးလို့နေရဲ့
မပွင့်သေးဘဲညှိုးတဲ့ပန်း
ဖြစ်ရတော့မှာလား… ချစ်သူ။
မင်းနဲ့ငါရဲ့ရေစက်ကို
ကံကြမ္မာနဲ့လောင်းကြေးထပ်ဖူးတယ်
မဖြစ်နိုင်တာကို
ပညာသားပါပါပြသွားတဲ့
ကံကြမ္မာကိုလေ
ငါမုန်းမိတယ်။
ဝ၅.ဝ၁.၂၀ဝ၈
Comment #2
အင်တာနက်သူငယ်ချင်းတို့
သတိထား၇မှာကမိန်းကလေးတွေပါ
By:ိိိ[email protected] at Dec 24, 2011
Comment #3
ng) Share
ခံစားချက်တွေနဲ့
ငါကဗျာတွေရေးတယ်
ရင်ခုန်သံတွေ
ငါကဗျာဖွဲ့တယ်။
ရင်ခုန်သံအချို့က
လွမ်းတယ်လွမ်းတယ်ဆိုတယ်
တချို့ကတော့
ချစ်တယ်ချစ်တယ်တဲ့
ပိုင်ဆိုင်ခြင်းကိုမှ
လက်လှမ်းမမှီခဲ့တာဘဲ
ဝေးရာကိုလည်း မပြေးပါနဲ့တော့
မင်းမောမယ်။
တိတ်တခိုးအချစ်နဲ့
တိတ်တိတ်လေးခိုးကြည့်တာပါ
ရင်ခုန်သံတွေကိုတော့
တိုးတိုးနေဖို့ပြောမရဘူး
မင်းရှေ့ရောက်မှ
ရင်ခုန်သံတွေ သီချင်းဖြစ်တယ်။
ငါ့ရင်ခွင်ဥယျာဉ်ထဲ
မပျိုးပါဘဲနဲ့
ပေါက်တဲ့အချစ်ပင်
အချစ်ဖူးတောင်ဖူးလို့နေရဲ့
မပွင့်သေးဘဲညှိုးတဲ့ပန်း
ဖြစ်ရတော့မှာလား… ချစ်သူ။
မင်းနဲ့ငါရဲ့ရေစက်ကို
ကံကြမ္မာနဲ့လောင်းကြေးထပ်ဖူးတယ်
မဖြစ်နိုင်တာကို
ပညာသားပါပါပြသွားတဲ့
ကံကြမ္မာကိုလေ
ငါမုန်းမိတယ်။
By: uiiio at Dec 24, 2011




11611 masterpieces
34814 comments
3729 members
974 pc authors
Comment #1
ကြိုက်ပါတယ် ဒီကဗျာလေးလဲ