ချစ်သူ Share
ချစ်သူ
ချစ်ခြင်းမှာမာနဆိုတာ
မရှိသင့်တဲ့အရာပါကွာ
စိတ်ကောက်တယ်ဆိုတာ
အချော့ခံချင်လို့ပါ
ဒါပေမယ့် ချစ်သူ
ဒါတွေမင်းမသိတာတော့
ခံပြင်းတယ်။
ချစ်သူ
ငါငိုရင်ဝမ်းနည်းတယ်ဆို
ငါ့မျက်ရည်တွေ မင်းရှေ့မှာ
ကျစေချင်လိုက်တာ
ဒါပေမယ့် ချစ်သူ
မင်းမျက်နှာကို မြင်ရင်
အလိုလို အပြုံးပန်းတွေ
ပွင့်ဖူးတယ်။
ချစ်သူ
နှလုံးခုန်နေသရွေ့
ချစ်နေမယ်ဆို
အခုချိန်မှာတော့
“ဟုတ်သေးရဲ့လား” လို့
မေးချင်လိုက်တာကွာ
ဒါပေမယ့် ချစ်သူ
မင်းရဲ့မျက်နှာ
ညှိုးသွားမှာ စိုးမိတယ်။
ချစ်သူ
ငါက ပျော်ရွှင်မှုတွေ
ယူဆောင်လာတယ် ဆို
အခုတော့ မဟုတ်တော့ဘူးတဲ့လား
ဝမ်းနည်းမိပါတယ်
ဒါပေမယ့် ချစ်သူ
နားလည်မှုနဲ့အတူ
မင်းကို ပျော်ရွှင်ခြင်းတွေပဲ
ပေးတော့မယ်။
ချစ်သူ
ငါဟာမင်းအတွတ်
တန်ဖိုးမဖြတ်နိုင်ဘူးတဲ့လား
ဒါပေမယ့် ချစ်သူ
ငါ….. ယုံကြည်မှုတွေ လျော့ပါးလာပြီ
ငါဟာ မင်းရဲ့ ရတနာ မှ
ဟုတ်သေးရဲ့လား လို့
ထပ်မေးပါရစေ။
၁၉.၁၁.၂၀၀၇
Comment #3
ကြိုက်တယ်။
ကူးလိုက်တယ်နော်
custom message ထဲမှာထည့်ထားချင်လို့
ခွင့်ပြုနော်။
By: Chan at Jul 4, 2010
Comment #5
a Yan Kaung pr tal
By: swe swe at Jul 29, 2010
Comment #6
အခုလိုအကောင်းဆုံးလုပ်ပေးထားတာကျေးဇူးတင်ပါတယ်ဗျာ
By: win thein at Aug 1, 2010
Comment #7
နောက်ဆုံးအပိုဒ်ကစာသားလေးကို…..အ၇မ်းကြိုက်တယ်…..heart ထိတယ်…..
By: einan at Aug 5, 2010
Comment #8
အားလုံးကိုကြိုက်ပါတယ် ဆက်လက်ကြိုးစားပါ အားပေးမယ်လေ
By: winthein at Aug 7, 2010
Comment #10
ဒီကဗျာလေးလည်း ကြိုက်တယ်
ချစ်မိ၇င် ဒီလို ပဲလားနော် အားလုံး ၇ဲ့ စိတ်တွေလေ
သူ ကို့ ကြောင့် တခုခု ထိခိုက်၇မှာ စိုး စိတ်တွေ နဲ့ 
By: cho at Aug 15, 2010




3257 masterpieces
4192 comments
1345 members
391 pc authors
989 feed subscribers
Comment #1
I like this poem very much. I want to copy and paste on my website. Can I?